တီဂျန်နီ ရီအင်ဒါ ကတော့ သူ့အနေနဲ့ နည်းပြ ပပ် ဂွါဒီယိုလာ လက်အောက်မှာ မန်စီးတီး ကွင်းလယ်ရဲ့ ဘယ်နေရာမှာမဆို ကစားဖို့ ဆန္ဒရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နယ်သာလန် ကွင်းလယ်လူကို ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၄၆.၅ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ရီအင်ဒါဟာ စနေနေ့က ပါလာမိုနဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ မန်စီးတီး အတွက် ပွဲချိန် တစ်ဝက်သာ ပါဝင် ကစားပြီး ၂ ဂိုး သွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး ပရိသတ်တွေက ကွင်းလယ်ပိုင်း အတွက် ရိုဒရီ မရှိချိန် ရီအင်ဒါကို ပိုမို အားကိုးနိုင်ဖို့ မျှော်လင့်နေကြပြီး ဒီလို အချိန်မှာ ကစားသမား ကိုယ်တိုင် ကလည်း သူ့အနေနဲ့ ကွင်းလယ် နေရာစုံမှာ ကစားနိုင်ကြောင်း ယုံကြည်မှု ရှိရှိ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ပါလာမိုကို အနိုင်ရပြီးနောက် သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ရီအင်ဒါက သူ့ အနေနဲ့ ရိုဒရီ မရှိတဲ့ မန်စီးတီးရဲ့ ကွင်းလယ် ကွက်လပ်ကို ဖြည့်ဆည်းဖို့ အဆင်သင့် ဖြစ်နေကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော်ဟာ ကွင်းလယ် အခန်းကဏ္ဍ ၃ ခုမှာ ပါဝင်ခဲ့ပြီး အဲဒီ အခန်းကဏ္ဍတွေ အားလုံးကို ကစားနိုင်တဲ့ ကွင်းလယ် ကစားသမား တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။ မန်နေဂျာက ကျွန်တော့်ကို ကစားစေချင်တဲ့ နေရာမှာ ကစားချင်ပါတယ်။ ကျွန်တော် ကစားလည်း ကစားမှာပါ။ ကျွန်တော် အကောင်းဆုံး လုပ်သွားပါမယ်။”
“ဥပမာအားဖြင့် Low Block နဲ့ ကစားတဲ့ အသင်းတွေနဲ့ ဆိုရင် ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားပါမယ်။ နောက်ပြီး ဘောလုံးဆုံးရှုံးလိုက်ရတဲ့အခါ မှာလည်း ခပ်မြန်မြန် တုံ့ပြန်မှု လုပ်နိုင်ရပါမယ်။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော် တို့ဟာ ပွဲစဉ်အချို့ကို အတူတူ ကစားခဲ့ရပြီး အခုလည်း လေ့ကျင့်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ပိုသိလာပါပြီ။ သူ့မှာ အရည်အသွေးတွေ အများကြီး ရှိပြီး ကျန်တဲ့ ကွင်းလယ် ကစားသမားတွေ အနေနဲ့ သူနဲ့ တွဲကစားရတာ ပိုလွယ်တာကို ကျွန်တော် မြင်ပါတယ်။” လို့လည်း ရီအင်ဒါက ပြောကြားသွားခဲ့ပါသေးတယ်။
ရီအင်ဒါဟာ ပြီးခဲ့တဲ့ ရာသီက အခြေအနေ ဆိုးရွားခဲ့တဲ့ အေစီမီလန်မှာ အံ့အားသင့်စရာ ကောင်းတဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူကာ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တစ်ဖက် မှာလည်း ACL ဒဏ်ရာဆိုးကြီးကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အဲလ်ဟီလာနဲ့ ကစားခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ပွဲစဥ်မှာ ပြင်းထန်တဲ့ ဒဏ်ရာ ပြန်ရသွားခဲ့သေးကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုထားပါတယ်။
လက်ရှိမှာ ရိုဒရီရဲ့ ဒဏ်ရာက တဖြည်းဖြည်း ပြန်လည် သက်သာနေပြီ ဖြစ်ပေမယ့် လာမယ့် စက်တင်ဘာလလယ် နိုင်ငံတကာ ရက်သတ္တပတ်အပြီးလောက်မှပဲ စပိန်သား အနေနဲ့ ကြံခိုင်မှု အပြည့်အဝနဲ့ ပြန်လည် ကစားနိုင်မယ်လို့ သိရပါတယ်။ ရိုဒရီဟာ ၂၀၁၉ ခုနှစ် မန်စီးတီးကို စတင် ရောက်ရှိချိန်က စလို့ ပရီးမီးယားလိဂ်မှာ ၅၃ ပွဲသာ လွဲချော်ခဲ့ပြီး အဲဒီ အထဲကမှ ၃၅ ပွဲဟာ ပြီးခဲ့တဲ့ ရာသီက လွဲချော်ခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးက ရိုဒရီ ပါဝင်ချိန်မှာ ပျမ်းမျှ ရမှတ် ၂.၄ မှတ် ရရှိခဲ့ပေမယ့် မပါဝင်ချိန်မှာတော့ ပျမ်းမျှ ၁.၈ မှတ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီ မပါဝင်ချိန်မှာ မန်စီးတီးက နိုင်ပွဲ ရာခိုင်နှုန်း ၅၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ ကွင်းလယ် ကစားသမားသစ်တွေနဲ့ အတူ ပရီးမီးယားလိဂ် ရာသီသစ်ကို ကောင်းမွန်စွာ စတင်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.