နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်နဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ ဆလီဘာ | ပရီးမီးယားလိဂ်

ပြင်သစ် ဗဟိုခံစစ် ကစားသမား ဝီလီယမ် ဆလီဘာ ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဖို သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ အနေနဲ့ လာမယ့် ရက်ပိုင်း အတွင်း အာဆင်နယ်နဲ့ တရားဝင် လက်မှတ် ရေးထိုးသွားဖွယ် ရှိနေကြောင်း နာမည်ကျော် သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သဘောတူညီချက်ဟာ အာဆင်နယ် အတွက် အောင်မြင်မှု တစ်ခု ဖြစ်ပြီးတော့ အသင်း အတွက် အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦးကို ရေရှည် ဆက်လက် ထိန်းသိမ်းထားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဆလီဘာဟာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ အတူ စိတ်ချ အားထားရတဲ့ ခံစစ် ကျောက်ဆောင် အဖြစ် သတ်မှတ်ခံထားရသူပါ။ သူဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေ အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှာလည်း ပါဝင်နေပါတယ်။

ဆလီဘာဟာ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသလို ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ကျန်ကစားသမားတွေ အားလုံးထက် ပွဲကစားချိန် ပိုရခဲ့သူလည်း ဖြစ်ပါတယ်။ ၂ဝ၂၂-၂၀၂၃ ဘောလုံးရာသီက ဆိုရင် အာဆင်နယ်ရဲ့ ချန်ပီယံဆု မျှော်လင့်ချက်ဟာ သူဒဏ်ရာရသွားပြီးနောက်မှာ ချက်ချင်း ဆိုသလို ယိုင်နဲ့သွားခဲ့တာက သူ့ အနေနဲ့ အသင်း အတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာ ပြသနေသလိုပါပဲ။ ဆလီဘာဟာ ကြံ့ခိုင်မှု၊ အရပ်အမောင်း မြင့်မားမှု၊ လျင်မြန်တဲ့ ပြေးနှုန်း၊ ပြိုင်ဘက်ကို အသားစီးရယူနိုင်မှုတွေမှာ သိသိသာသာ အားကောင်းတာကြောင့် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်း ကိုတောင် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆလီဘာရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ်မှာ အာဆင်နယ်နဲ့ လက်ရှိ စာချုပ်သက်တမ်းကုန်မယ့် ဆလီဘာ

ဆလီဘာရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲ ဝင်ရောက်လာချိန်မှာ ရီးရဲလ်မက်ဒရစ်လို ဥရောပ ထိပ်တန်း အသင်းကြီးက အလေးအနက် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆလီဘာ ကိုယ်တိုင်က အာဆင်နယ်မှာ ပျော်ရွှင်နေကြောင်းနဲ့ မြောက်လန်ဒန် ကလပ်နဲ့ အတူ ဆုဖလားတွေ အောင်မြင်မှုတွေ ရယူလိုကြောင်းလည်း မကြာခဏ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ လက်ရှိ မှာတော့ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာနဲ့ တာဝန်ရှိသူတွေဟာ ဆလီဘာရဲ့ စာချုပ်သစ် ကိစ္စကို အခက်အခဲမရှိ ချောချောမွေ့မွေ့ အပြီးသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ အခုစာချုပ်သစ်ဟာ ပြင်သစ်သားကို အသင်းရဲ့ လုပ်ခလစာ အများဆုံး နောက်ခံလူ အဖြစ် ဆက်လက် ရပ်တည်နေစေမှာ ဖြစ်ပါတယ်။ မကြာသေးတဲ့ ကာလ အတွင်းမှာ အာဆင်နယ်က ဆလီဘာရဲ့ အသင်းဖော် ဂါဘရီရယ်၊ လီအန်ဒရို ထရော့ဆက်ဒ်နဲ့ လူငယ် ကစားသမားလေးတွေ ဖြစ်တဲ့ အီသန် နွမ်နရီ၊ လီဝစ် စကယ်လီ တို့ကိုလည်း စာချုပ်သစ်တွေ အသီးသီး ချုပ်ဆိုထားနိုင်ပါသေးတယ်။

အာဆင်နယ် ပရိသတ်တွေ ကတော့ အသင်းရဲ့ အဓိက ကစားသမားတွေကို အေးဆေးစွာ စာချုပ်သက်တမ်းတိုးနိုင်စေဖို့ အဓိကကျခဲ့တဲ့ အန်ဒရီယာ ဘာတာ ကိုတော့ သဘောကျ ချီးကျူးနေကြပါတယ်။ ဆုဖလားတွေ မရရှိသေးပေမယ့် အာဆင်နယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးရမှာ ဖြစ်ပြီး အနာဂတ်မှာရော သူတို့ မျှော်လင့်ထားသလို မြင့်မားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်