ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ပိုလန်သားကြီးကို ခေါ်ယူမယ့် အစီအစဉ်ကို တားမြစ်ခဲ့ကြောင်း သတင်းတွေ ထွက်လာပါတယ်။
အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ လာမယ့် နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက သက်တမ်းတိုးလိုခြင်း မရှိတော့တာကြောင့် လီဝမ်ဒေါစကီးက ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမော်ရင်က လီဝမ်ဒေါစကီးကို မျက်စိကျနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၅၆ ပွဲ ကစားပြီး ၁၀၅ ဂိုး သွင်းယူကာ အသက်အရွယ်နဲ့ မလိုက်အောင် ထိပ်တန်းအဆင့် ခြေစွမ်းပြသနေဆဲ ဖြစ်ပါတယ်။ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ဘာစီလိုနာမှာ တစ်ပတ် လုပ်ခ ပေါင် ၅၄၀၀၀၀ ကျော် ရရှိနေတဲ့ လီဝမ်ဒေါစကီးရဲ့ မြင့်မားတဲ့ လစာနှုန်းထားကို ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် အမော်ရင်ရဲ့ အကြံအစည်ကို တားမြစ်ခဲ့ခြင်း ဖြစ်ပြီး လီဝမ်ဒေါစကီးရဲ့ ပရီးမီးယားလိဂ်ဆီ လားရာက ဖြစ်နိုင်ချေ နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးဟာ အခုလ အစောပိုင်းမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာ အသင်းရဲ့ ပွဲစဉ် တချို့ကို လွဲချော်ခဲ့ရပေမယ့် လက်ရှိ မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာ ကတော့ ရာသီအကုန်မှာ ထွက်ခွာမယ့် လီဝမ်ဒေါစကီးရဲ့ နေရာ အစားထိုးဖို့ အတွက် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း၊ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ဒေါ့မန် တိုက်စစ်မှူး ဆာဟူး ဂူရက်ဆီ တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။
ရောဘတ် လီဝမ်ဒေါစကီးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် ကလပ် တချို့က မက်မောလောက်စရာ ကမ်းလှမ်းမှု တချို့ ပြုလုပ်ခဲ့ပေမယ့် ကစားသမား ကတော့ ပြတ်ပြတ်သားသား ပယ်ချထားခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ပိုလန် တိုက်စစ်မှူးကြီးက အမည်မဖော်လိုတဲ့ ဆော်ဒီပရိုလိဂ် ၂ ခုဆီက တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၁၀၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ တချို့သော သတင်းတွေ မှာတော့ လီဝမ်ဒေါစကီးကို ကမ်းလှမ်းခဲ့တာက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာနဲ့ အဲလ်ဟီလာ တို့ ဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ်ရဲ့ တိုက်စစ်ပိုင်း မှာတော့ လက်တလော ဘင်ဂျာမင် ဆက်စ်ကို၊ မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘူမို၊ ဂျော်ရွှာ ဇစ်ခ်ဇီးနဲ့ ချီဒို အိုဘီ တို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဓိက အသုံးပြုနိုင်မယ့် အထောင် တိုက်စစ်မှူးက ဆက်စ်ကို တစ်ဦးတည်းသာ ရှိတာကြောင့် အသက်အရွယ် ရနေသည့်တိုင်အောင် ဂိုးသွင်းနှုန်း မကျဆင်းသေးတဲ့ လီဝမ်ဒေါစကီးကို အမော်ရင်က ချိန်ရွယ်လာတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


