လစ်ဗာပူးလ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ မှာတော့ ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ လစ်ဗာပူးလ်က အားရစရာ မရှိတဲ့ ခြေစွမ်းနဲ့ အတူ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ပွဲအပြီး မှာတော့ အမှတ်ပေးဇယား အဆင့် ၂ နေရာကိုပါ ဆင်းပေးခဲ့ရပါတယ်။
ဒီပွဲမှာ လစ်ဗာပူးလ် တိုက်စစ်က အလက်ဇန္တား အိဆက်ခ်နဲ့ မိုဟာမက် ဆာလာ တို့ဟာ ပုံမှန် စွမ်းဆောင်ရည် အောက်မှာသာ ရှိနေခဲ့ပါတယ်။ နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကတော့ အိဆက်ခ်နဲ့ ဆာလာ တို့ရဲ့ နားလည် ချိတ်ဆက်မှု အပိုင်းမှာ လိုအပ်ချက် ရှိနေတဲ့ အပေါ် စိုးရိမ်ခြင်း မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဆာလာနဲ့ အိဆက် တို့ဟာ လစ်ဗာပူးလ်မှာ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် သွင်းဂိုး မရရှိသေးပေမယ့်လည်း ဆလော့တ် ကတော့ ဒီကစားသမား နှစ်ဦး အနေနဲ့ အချိန်မီ လက်တွဲ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေတာ ဖြစ်ပါတယ်။
ဆလော့တ်က “သူတို့ ပိုကစားလေ ပိုပြီး ချိတ်ဆက်နိုင်လေပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ဒါက နောက်ထပ် စိတ်ပျက်စရာ ကောင်းတဲ့ ရှုံးပွဲ တစ်ခုပါပဲ။ ဒါက ရှင်းပါတယ်။ ပထမပိုင်း မှာတော့ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့ပေမယ့် ကြီးမားတဲ့ အခွင့်အရေး ၃ ခုကို ဖန်တီးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ဂိုးထပ်သွင်းနိုင်လောက်အောင် ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး ၁၀ မိနစ်မှာတော့ အဆုံးအဖြတ် ဖြစ်သွားပါတယ်။ နှစ်သင်းစလုံးက နိုင်ပွဲ ရနိုင်ချေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မရရှိခဲ့ပါဘူး၊ ချဲလ်ဆီး အသင်းက နိုင်ပွဲ ရရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးက မွိုက်စ် ကိုင်စီဒိုရဲ့ ပွဲချိန် ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ လှပပြင်းထန်တဲ့ ဂိုးနဲ့ ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ကိုယ်စီ ပြုလုပ်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာ ကိုဒီ ဂက်ခ်ပိုက လစ်ဗာပူးလ် အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ၁-၁ ဖြစ်သွားချိန်မှာ ချဲလ်ဆီးက ဂီယူ၊ အက်စတီဗာအို၊ ဂစ်တန်စ် တို့ ထည့်ကာ တိုက်စစ် ပိုမြှင့်ခဲ့ပြီး အန်ဇို မာရက်စ်ကာရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ချဲလ်ဆီး အတွက် အဖိုးတန် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၉၀+၅ မှာ လူစားဝင် တောင်ပံ ကစားသမားလေး အက်စတီဗာအိုက သွင်းယူပေးခဲ့လို့ လစ်ဗာပူးလ် တို့ အသဲကွဲခဲ့ရပါတယ်။
ဒီနိုင်ပွဲနဲ့ အတူ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိလာပါတယ်။ လစ်ဗာပူးလ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်ရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်စရာ ရှိလာခဲ့ပါတယ်။ တချို့ ဆိုရင် လစ်ဗာပူးလ် တို့ရဲ့ အရွေ့ တစ်ခုဟာ ကလော့ပ်ရဲ့ အရှိန်ကြောင့်လား ဆိုပြီးတောင် သံသယ ရှိနေကြပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နိုင်ငံတကာ ရက်သတ္တပတ်တွေ ပြီးဆုံးရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အေဂျက်စ်နဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၃ ကစားရမှာပါ။ လစ်ဗာပူးလ် ကတော့ Opta ရဲ့ ခန့်မှန်းချက်အရ လာမယ့် ပွဲစဉ် ၅ ပွဲမှာ ဒုတိယ ပွဲအကြပ်ဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် ၅ ပွဲမှာ ချဲလ်ဆီး (အဝေးကွင်း)၊ ယူနိုက်တက် (အိမ်ကွင်း)၊ ဘရန့်ဖိုဒ် (အဝေးကွင်း)၊ အက်စတွန်ဗီလာ (အိမ်ကွင်း)၊ မန်ချက်စတာစီးတီး (အဝေးကွင်း) တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.