နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို အနိုင်ရခဲ့လို့ ကျေနပ်နေတဲ့ သောမက်စ် ဖရန့်ခ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ ဗြိတိန် ပြင်ပမှာ ပထမဦးဆုံး အကြိမ် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ခြေစမ်းပွဲမှာ အာဆင်နယ်ကို ဆားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်စလုံး အသာမရမှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲကို ဟောင်ကောင် ဘောလုံး ပွဲတော် ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး ပရိသတ် ဦးရေ ကလည်း ၄၉၇၇၅ ဦး လာရောက် အားပေးခဲ့ကြတဲ့ ရှေ့မှောက်မှာ အာဆင်နယ်ကို အနိုင်ရစသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တော့တင်ဟမ်ဟော့စပါး နည်းပြ သောမတ်စ် ဖရန့်ခ်က ဟောင်ကောင်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဘက် အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ပွဲအပြီးမှာ သောမတ်စ် ဖရန့်ခ်က “ကျွန်တော့်ရဲ့ ပထမဦးဆုံး မြောက်လန်ဒန် ဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် အရမ်းကို ကျေနပ်မိပါတယ်။ ဒါကို ခြေစမ်းပွဲလို့ ခေါ်ဆိုနိုင်မှာ မဟုတ်ပါဘူး။ နှစ်သင်းစလုံးက ဘယ်လို စိတ်ဆန္ဒတွေနဲ့ ကစားခဲ့ကြသလဲဆိုတာ အားလုံး မြင်ပါလိမ့်မယ်။ ကျွန်တော်တို့ ကတော့ ဂိုးမပေးရတဲ့ ပွဲဖြစ်ဖို့ ဆန္ဒရှိခဲ့တာပါ။ ကျွန်တော်တို့ ဒီပွဲကို ခြေစမ်းပွဲလို သဘောမထားဘဲ ပြိုင်ပွဲ တစ်ခုလိုပဲ ယှဉ်ပြိုင်ခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

စပါးက ဆားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တာ ဖြစ်ပြီး သောမတ်စ် ဖရန့်ခ် လက်ထက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ ၄ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲ ဆိုတဲ့ ရလဒ်ကို ရရှိထားခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့တဲ့ အထိ စပါးရဲ့ Low Block တွေ အောက်မှာ ကျရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် စပါး ကတော့ ဒီနွေရာသီမှာ ကူဒု့စ် တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးပြီး ပါလ်ဟင်ဟာနဲ့တော့ Here We Go ထားပါတယ်။
ပါပစ် ဆားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ စပါး

ဒီပွဲမှာ အာဆင်နယ်ရဲ့ ကွင်းလယ်က Link up play တွေ တော်တော်လေး အားနည်းခဲ့ပြီးတော့ ဂိုးသမား ဒါးဗစ် ရာယာရဲ့ ပေါ့ဆမှု ကလည်း ရှုံးပွဲ အတွက် အဓိက ကျခဲ့ပါတယ်။ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကီးရက်စ်ကို မိတ်ဆက်သွားခဲ့ပေမယ့် ကစားသမား အနေနဲ့ မိနစ် အနည်းငယ်သာ ကစားခဲ့ရတာကြောင့် လောက်လောက်လားလား စွမ်းဆောင်ရည်တွေ မပြသနိုင်ခဲ့ပါဘူး။ နောက်ပြီး အာဆင်နယ်ရဲ့ ဘယ်တောင်ပံက မာတင်နယ်လီနဲ့ ဘာမှ မျှော်လင့်လို့ မရနိုင်ဘူး ဆိုတာ ထင်ရှားခဲ့ပြီး အရည်အသွေးမြင့် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီ ဆိုတာ ပြသလိုက်သလိုပါပဲ။

သောမတ်စ် ဖရန့်ခ် ကတော့ အနိုင်ဂိုး သွင်းခဲ့တဲ့ ပါပေ ဆားကို ချီးကျူးသွားခဲ့သလို သူတို့ အာဆင်နယ်ကို ဘယ်လိုမျိုး ကောင်းကောင်း ကစားပြီး အနိုင်ယူခဲ့သလဲ ဆိုတာ အခုလိုပဲ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။ ဖရန့်ခ်က “ပထမပိုင်း မှာတော့ ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းမွန်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ခံစစ်ပိုင်း အရမ်းကောင်းခဲ့ပေမယ့် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း မှာလည်း အကောင်းမွန်ဆုံး ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် စပါး ကတော့ ဒီနွေရာသီမှာ ကူဒု့စ် တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးပြီး ပါလ်ဟင်ဟာနဲ့တော့ Here We Go ထားပါတယ်။ အာဆင်နယ် ကတော့ ကစားသမား ၆ ဦး အထိ ခေါ်ယူထားပြီး အီးဇီးလို ဘယ်တောင်ပံ ကြယ်ပွင့် တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေပါတယ်။ စပါးဟာ ခြေစမ်းပွဲတွေ အဖြစ် နယူးကာဆယ်၊ ဘေယန်မြူးနစ် တို့နဲ့ ကစားဦးမှာ ဖြစ်ပြီးတော့ ဩဂုတ် ၁၄ ရက်နေ့ မှာတော့ ပီအက်စ်ဂျီနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ စပါးက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဘန်လေနဲ့ ကစားရမှာ ဖြစ်ပြီး အာဆင်နယ် ကတော့ ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်