ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ မန်ချက်စတာစီးတီးရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗင်ဟိုကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဆာဗင်ဟို ကတော့ ၂၀၂၄ ခုနှစ် နွေရာသီကမှ မန်စီးတီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
လက်ရှိမှာ စပါးက ဆာဗင်ဟိုကို ခေါ်ယူနိုင်ဖို့ အတွက် ကလပ် အချင်းချင်း တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီး အနေနဲ့ ၂၀၂၉ ခုနှစ် အထိ သူတို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားကို ရောင်းထုတ်လိုခြင်း မရှိခဲ့ပေမယ့်လည်း စပါး ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင်တော့ လက်ခံ ဆွေးနွေးဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာဗင်ဟို ကိုယ်တိုင် ကလည်း ကလပ် အသင်း နှစ်သင်း အကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ရင် ပြောင်းရွှေ့ဖို့ လက်ခံသွားမယ်လို့ သိရပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ မန်စီးတီးဟာ ဆာဗင်ဟိုကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားခဲ့ပေမယ့် ပေါင် သန်း ၇၀ ဝန်းကျင် ရရှိမှသာ ရောင်းထုတ်ဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။ စပါး နည်းပြသစ် သောမတ်စ် ဖရန့်ခ်က ဆာဗင်ဟိုကို သူ့ရဲ့ ကစားကွက်နဲ့ ကိုက်ညီမှု ရှိနိုင်တဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပြီး အဓိက ပစ်မှတ် အဖြစ် တောင်းဆိုထားတာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ဒီကစားသမားဟာ စီးတီးဖွတ်ဘောဂရု ပိုင်ဆိုင်တဲ့ ကလပ် တစ်ခု ဖြစ်တဲ့ ထရွိင်းစ် ကနေ ပြီးခဲ့တဲ့ ရာသီက ဂျီရိုနာကို အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။ အဲဒီနောက် ဆာဗင်ဟိုက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပရဲ့ ထိပ်တန်း တောင်ပံ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး မန်စီးတီးရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ ဆာဗင်ဟိုဟာ သူ့ရဲ့ အရှိန်အဟုန်မြင့် ကစားဟန်၊ လျင်မြန်မှုနဲ့ ဖန်တီးမှုတွေကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး တို့ထံ တရားဝင် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိ မန်စီးတီးရဲ့ တိုက်စစ်ပိုင်းမှာ ဂျက် ဂရီးလစ်ရှ်၊ ဂျရယ်မီ ဒိုကု၊ ဖီးလ် ဖိုဒန် တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတာကြောင့် ဆာဗင်ဟို အနေနဲ့ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် သူ့ကို ပြန်လည် ရောင်းချဖို့ စဉ်းစားဖွယ် ရှိနေပြီး ဒီအခြေအနေကို စပါး အသုံးချဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက မန်စီးတီး အနေနဲ့ ဂျက် ဂရီးလစ်ရှ်ကို အဲဗာတန်ဆီ လက်လွှတ်တော့မှာ ဖြစ်တာကြောင့် ဆာဗင်ဟိုကို ဆက်ထိန်းထားမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
သောမတ်စ် ဖရန့်ခ်ဟာ တောင်ပံ တိုက်စစ် အားပြုကစားရတာ ကြိုက်နှစ်သက်တဲ့ နည်းပြ ဖြစ်တာကြောင့် ဘရန့်ဖို့ဒ် မှာတုန်းကလိုပဲ စပါးကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ စပါးက အသင်းခေါင်းဆောင် တောင်ပံ ကစားသမား ဆွန်ဟောင်မင်ကို လက်လွှတ်ထားရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တောင်ပံ ကစားသမား တစ်ဦး မဖြစ်မနေ အားဖြည့်ရမှာ ဖြစ်ပါတယ်။စပါးက အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ချဉ်းကပ်ခဲ့သေးပေမယ့် ကစားသမား ကရော၊ ကလပ် ကပါ ငြင်းဆန်ခဲ့တာကြောင့် တခြားသော ကစားသမားတွေကို ပစ်မှတ်ထားနေခဲ့ရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.