နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါနာချိုရဲ့ ဆန္ဒကြောင့် ပေါင်သန်း ၄၀ အောက်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရတော့မယ့် ယူနိုက်တက်၊ အာရူဟိုကို စောင့်ကြည့်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဩဂုတ် ၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အလက်ဟန်ဒရို ဂါနာချို အနေနဲ့ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့လိုတဲ့ ဆန္ဒကြောင့် ယူနိုက်တက် အနေနဲ့ သူတို့ရဲ့ ကစားသမားကို ပေါင်သန်း ၄၀ အောက်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရဖို့ ရှိနေပါတယ်။ ဒီနှုန်းထားကို တခြားသော ပရီးမီးယားလိဂ် ကလပ် နှစ်ခု ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ပေးချေဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်လည်း ဂါနာချို ကတော့ ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ အာရုံစိုက်ထားကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ သြဂုတ် ၂၅ ရက်နေ့ လစ်ဗာပူးလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို လူစာရင်းမှာ ထည့်သွင်းခြင်း မပြုဖို့ စဉ်းစားနေကြောင်း Chronicle Live က ဖော်ပါတယ်။ ငှက်ကြားတွေဟာ လစ်ဗာပူးလ်နဲ့ တွေဆုံချိန်မှာ သူတို့ရဲ့ ကစားသမားကို လုံးဝ အသုံးမပြုချင်ပဲ ကြိုးကြာနီတွေ ကလည်း ဆွီဒင်သားကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့ အထိ ညှိနှိုင်းဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကို အနိုင်ယူပြီး ဘရန့်ဖို့ဒ် တိုက်စစ် ကစားသမား ယိုအာနေး ဝစ်ဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Empire of the Kop က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ACL ဒဏ်ရာရရှိသွားတဲ့ လီဗီ ကိုးလ်ဝဲလ်ကို ကာလအတန်ကြာ လက်လွှတ်ထားရတော့မှာ ဖြစ်ပါတယ်။
လီဗီ ကိုးလ်ဝဲလ် နေရာမှာ အာရူဟိုနဲ့ အစားထိုးချင်နေတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ACL ဒဏ်ရာရရှိသွားတဲ့ လီဗီ ကိုးလ်ဝဲလ်ကို ကာလအတန်ကြာ လက်လွှတ်ထားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန် ကလပ်ဟာ ဘာစီလိုနာ ဗဟိုနောက်ခံလူ ရော်နယ် အာရူဟိုကို စောင့်ကြည့်နေကြောင်း Fichajes က ဖော်ပြပါတယ်။ အကယ်၍ ချဲလ်ဆီးသာ ဥရုဂွေး နောက်ခံလူကို ခေါ်ယူချင်ရင်တော့ ယူရို သန်း ၅၀ ဝန်းကျင် (ပေါင် ၄၃.၄ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းရဖို့တော့ ရှိနေပါတယ်။

အာဆင်နယ် ကတော့ ခရစ္စတယ်ပဲလေ့စ်က အီဘာရီချီ အီးဇီးကို မခေါ်ယူနိုင်ခဲ့ရင် အတ္တလန္တာ တောင်ပံကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Quotidiano Sportivo က ဖော်ပြပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူးကို အင်တာမီလန် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာစီးတီး ကတော့ လိုက်ပ်ဇစ် ဗဟိုခံစစ်မှူး ကာစလို လူကာဘာ အတွက် သဘောတူညီမှု ရရှိရန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရူဒီ ဂါလက်တီက ဖော်ပြပါတယ်။  

တော့တင်ဟမ်ဟော့စပါး ကတော့ ဂျိမ်းစ် မက်ဒီဆင်ကို ACL ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီးနောက် လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ် အတွက် ဆွေးနွေးမှုတွေ အရှိန်အဟုန် မြှင့်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ အဲလီယော့တ် အတွက် လစ်ဗာပူးလ် ဘက်က တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ အကယ်ဒမီ ကြယ်ပွင့် တိုဘီ ကော်လီယာနဲ့ ဘရိုက်တန် ကွင်းလယ် ကစားသမား ကားလို့စ် ဘယ်လီဘာ့ကို အလဲအလှယ် လုပ်သွားမှာ မဟုတ်ကြောင်း Manchester Evening News က ဖော်ပြခဲ့ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်နဲ့ မတ်ဇ် တိုက်စစ်မှူး အီဒရစ်ဆာ ဂူရီ တို့ အကြား ဆွေးနွေးမှုတွေက ကောင်းမွန်နေပြီ ဖြစ်ကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမား ကတော့ ဒီကစားသမား အတွက် ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ကျော် အလိုရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်