နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်ဂွိုင်းယား နေရာမှာ ဂူဟီနဲ့ အစားထိုးချင်နေတဲ့ ယူနိုက်တက်၊ ပရိသတ် ၇၀၀၀၀ ဆံ့ ကွင်း အဖြစ် တိုးချဲ့မယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဟယ်ရီ မက်ဂွိုင်းယား နေရာမှာ ရေရှည် အစားထိုးဖို့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ အပြိုင် ဂူဟီကို ကြိုးပမ်းသွားဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

ဘုန်းမောက် တောင်ပံကစားသမား အန်တိုနီ ဆီမီညို ကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဆီမီညို ကတော့ ဒီရာသီမှာ ခြေစွမ်းပြနေပြီး ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို ချဲလ်ဆီးက ၂၀၃၂ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။

အင်တာမီလန် ကတော့ လာမယ့် နွေရာသီမှာ မန်စီးတီး ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဆွစ်ဇာလန် နောက်ခံလူ မန်နူရယ် အာကန်ဂျီကို ယူရို ၁၅ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် ဇန်နဝါရီမှာ ဟမ်းဘတ်ကို အငှားချထားတဲ့ ဗဟိုခံစစ် ကစားသမား လူကာ ဗူစကိုဗစ်ကို ပြန်လည် ခေါ်ယူဖို့ ရှိနေကြောင်း TBR Football က ဖော်ပြပါတယ်။

ထရက်ဇွန်စပေါ ကတော့ လာမယ့် နွေရာသီမှာ ဂိုးသမား အန်ဒရီ အိုနာနာကို အပြီးသတ် ခေါ်ယူလိုကြောင်း မန်ချက်စတာယူနိုက်တက်ထံ အသိပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အငှားစာချုပ်မှာ အမြဲတမ်း အပြောင်းအရွှေ့နဲ့ ခေါ်ယူနိုင်မယ့် သဘောတူညီချက် မပါဝင်ကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ အသက် ၁၆ နှစ် အရွယ် ကလပ် တီဂျူအန်နာ ကွင်းလယ်လူ ဂီလ်ဘာတို မိုရာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ မက္ကဆီကို လက်ရွေးစင်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ ကွင်းလယ် ကစားသမား မော်ဂန် ရော်ဂျာစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ငန်းစဉ်တွေ နှေးကွေးနေပေမယ့် လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ အစီအစဉ် မရှိကြောင်း Football Insider က ဖော်ပြပါတယ်။

ဝက်စ်ဟမ်း ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဖူလ်ဟမ် တောင်ပံကစားသမား အဒမ်မာ ထရာအိုရေးကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဝက်စ်ဟမ်း နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တို ကတော့ သူ့ရဲ့ ဝုဗ်က တပည့်ဟောင်းနဲ့ လန်ဒန် ကလပ်မှာ ပြန်လည် လက်တွဲဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အမ်းမရိတ်စ်ကွင်းကို ပရိသတ် ၇၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းအဖြစ် တိုးချဲ့ တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဘာနေဗျူး ကွင်းလိုမျိုး တိုးချဲ့မှု ပြုလုပ်မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အမ်းမရိတ်စ်ကွင်းကို ပရိသတ် ၇၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းအဖြစ် တိုးချဲ့ တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ယခင်က ဟိုက်ဘူရီကွင်းကို အိမ်ကွင်း အဖြစ် အသုံးပြုခဲ့ပေမယ့် ၂၀၀၆ ခုနှစ်က စပြီး အမ်းမရိတ်စ်ကွင်းကို ပြောင်းလဲ အသုံးပြုခဲ့တာပါ။ လက်ရှိမှာ တစ်ရာသီစာ လက်မှတ် ဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေ ကလည်း တစ်သိန်းကျော် ရှိနေတာကြောင့် အာဆင်နယ်က ကွင်းတိုးချဲ့ဖို့ စီစဉ်နေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင် တည်ဆောက်သလိုမျိုး လုပ်ဆောင်သွားဖို့ လေ့လာနေကြောင်းလည်း သိရပါတယ်။ အာဆင်နယ် အနေနဲ့ ကွင်းတိုးချဲ့တည်ဆောက်ဖို့ ခွင့်ပြုချက်ရခဲ့ရင် တည်ဆောက်နေဆဲ ကာလ အတွင်း ဝင်ဘလေကွင်းကို အိမ်ကွင်း အဖြစ် ငှားရမ်း အသုံးပြုသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်