အက်စတွန်ဗီလာ – နယူးကာဆယ်
၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၁ မှာတင်ပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတွေ စတင်လာခဲ့ပါပြီ။ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက အသင်းကောင်း တစ်သင်း ဖြစ်တဲ့ နယူးကာဆယ်ကို ဗီလာပါ့ခ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဘယ်အသင်းက ရာသီသစ် အဖွင့်လှသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာက ပရီးမီးယားလိဂ် ရာသီသစ် စတင်ခင် ခြေစမ်းပွဲ ၈ ပွဲ အထိ ကစားထားပြီး ပြင်ဆင်မှု အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ ဒီအထဲမှာ ဖရန့်ဖတ်၊ ရိုးမား၊ မာဆေးလ်နဲ့ ဗီလာရီးရဲလ် တို့လို အသင်းကောင်းတွေနဲ့ ခြေစမ်းခဲ့ပြီး မာဆေးလ်ကို ဂိုးပြတ် ရှုံးခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ အားရစရာ ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေ ရှာတွေ့ခဲ့ပါတယ်။ တစ်ခု ရှိတာက ဗီလာက ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှု အနေနဲ့ ၂ ဦးသာ ရှိထားပြီး လီဂူးဝမ်း ကစားသမားတွေ ဖြစ်တဲ့ ဘီဇော့တ်နဲ့ အီဗန် ဂတ်ဆန် တို့ကို ခေါ်ယူ အားဖြည့်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရင် ကတည်းက အထိုင်ကျပြီးသား ဖြစ်တဲ့ ဗီလာ အတွက် ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး။ ရာသီသစ်ကို အကောင်းမွန်ဆုံး စတင်နိုင်မယ့် ခြေစွမ်းနဲ့ စုဖွဲ့မှု ပိုင်ဆိုင်ထားပြီးသားပါ။
နယူးကာဆယ် ကတော့ ရာသီသစ် မစတင်ခင် ခြေစွမ်းပွဲ အားလုံးမှာ ရလဒ်တွေ ဆိုးရွားခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ်က အာဆင်နယ်၊ အက်တလက်တီကိုမက်ဒရစ်၊ ဆဲလ်တစ်နဲ့ ကေလိဂ် အောလ်စတား တို့ကို ရှုံးခဲ့ပြီး စပါးနဲ့ အက်စ်ပန်ညို ကိုတော့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ဒီရာသီ အစမှာ တော်တော်လေး အားနည်းချက်တွေ များနေတာ တွေ့ရပြီး သူတို့ ခေါ်ယူချင်တဲ့ ကစားသမားတွေ ကိုလည်း ခေါ်ယူထားနိုင်ခြင်း မရှိသေးပါဘူး။ နောက်ပြီး တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ရဲ့ အသင်း ပြောင်းချင်နေတဲ့ ပြဿနာကို ဖြေရှင်းနေရပြီး ပြီးခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် ငှက်ကြားတွေရဲ့ တိုက်စစ်ပိုင်းက တော်တော်လေးကို အားနည်းနေခဲ့တာ တွေ့ရပါလိမ့်မယ်။ လက်ရှိ အချိန်ထိတော့ နယူးကာဆယ်က မာလစ်ခ် သီယော၊ အာရွန် ရမ်းစ်ဒေးလ်၊ အီလန်ဂါနဲ့ ကော်ဒီရို တို့ကိုသာ ခေါ်ယူထားနိုင်ပြီး လိုအပ်နေတဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
နယူးကာဆယ် ဘက်မှာလည်း အလက်ဇန္တား အိဆက်ခ် ပါဝင်နိုင်မှ မဟုတ်ပဲ ဂျိုး ဝေးလော့ခ် ကလည်း ခြေချင်းဝတ် ဒဏ်ရာကြောင့် လွဲချော်မှာပါ။ ဒါ့အပြင် တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန် ကလည်း ပါဝင် ကစားနိုင်ဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း

အက်စတွန်ဗီလာ – ဘီဇော့တ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ကာမာရာ၊ တေးလီမန့်စ်၊ မယ်လန်၊ မက်ဂင်းန်၊ ရော်ဂျာစ်၊ ဝက်ကင်န်
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘန်း၊ လစ်ဗရာမန်တို၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ အီလန်ဂါ၊ ဂေါ်ဒွန်၊ ဘန်းစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၇ ကြိမ် တွေ့ဆုံရာမှာ ဗီလာက ၆ ကြိမ်၊ နယူးကာဆယ်က ၁၂ ကြိမ် နိုင်ခဲ့ပြီး ၉ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းက နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၄ ကြိမ်စလုံး သရေရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဗီလာက ၂ ကြိမ်နိုင်ပြီး နယူးကာဆယ်က ၃ ကြိမ် နိုင်ခဲ့ပါတယ်။ ထူးခြားတာက နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အနိုင်ရတဲ့ အသင်းက ဂိုးပြတ် နိုင်လေ့ ရှိတာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၂.၂၁ ဆ၊ နယူးကာဆယ် နိုင်ရင်တော့ ၂.၈၂ ဆ၊ သရေ ဆိုရင်တော့ ၃.၃၈ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အက်စတွန်ဗီလာ ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပြီး ဂိုးပေါင်း ကတော့ အပေါ်ကို ဦးတည်နေတဲ့ ကြေးမျိုးပါပဲ။ ဒါက မထူးဆန်းပါဘူး။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် နှစ်သင်းပေါင်း သွင်းဂိုးက အနည်းဆုံး ၃ ဂိုး ရှိခဲ့တာကြောင့်ပါ။ နယူးကာဆယ်က ရာသီ မစခင်မှာ တော်တော်လေး ရုန်းကန်နေရပြီး အက်စတွန်ဗီလာ ကတော့ တည်ငြိမ်တဲ့ ခြေစွမ်းကို ထိန်းထားနိုင်ဆဲပါ။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဗီလာပါ့ခ်မှာ နယူးကာဆယ်ကို ဂိုးပြတ်တီးထားတဲ့ အူနိုင်း အမ်မရီရဲ့ အသင်းနဲ့ပဲ ရပ်တည်ထားချင်ပါတယ်။ ဂိုးပေါ်နဲ့လည်း အကျိုးအမြတ် ရှာဖွေလို့ ရဦးမှာပါ။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၃-၁ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.