နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇန်နဝါရီမှာ ယူနိုက်တက် ကနေ ထွက်ခွာမယ့် ဇစ်ခ်ဇီး၊ ကာမာဗင်ဂါနဲ့ ရိုဒရီကို အလဲအလှယ် လုပ်ချင်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ နယ်သာလန်နဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်လိုတာကြောင့် ပွဲထွက်ကစားခွင့် ပိုမို ရရှိလိုနေကြောင်း သိရပါတယ်။ ဒါကြောင့် နယ်သာလန်သားက လာမယ့် ဇန်နဝါရီမှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ ဇစ်ခ်ဇီး အတွက် ယူရို ၃၅ သန်း (ပေါင် ၃၀.၅ သန်း) အလိုရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီကစားသမားကို ရောင်းထုတ် ဖြစ်ခဲ့ရင်တော့ တိုက်စစ်မှူးသစ် တစ်ဦး ပြန်လည် ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ဒီနွေရာသီ ခေါ်ယူမှု အချို့ အပေါ် နည်းပြ ရူဘင် အမော်ရင် အနေနဲ့ စိတ်ပျက်လျက် ရှိနေတယ်လို့ သိရပါတယ်။ အမော်ရင် ကလည်း ယူနိုက်တက်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ချဲလ်ဆီး နောက်ခံလူ ဂျော့ရှ် အာချင်မ်ပေါင်ကို မာ့ခ် ဂူဟီရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း The Sun က ဖော်ပြပါတယ်။ တစ်ဖက် မှာလည်း လစ်ဗာပူးလ်က ဂူဟီကို ခေါ်ယူချင်ပေမယ့် အင်္ဂလန်သားရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းဖော် မက်ဆင်း လာခွာကို ဖြစ်နိုင်ချေ ရှိတဲ့ ရွေးချယ်မှု အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ပြင်သစ် ကွင်းလယ် ကစားသမား အက်ဒူယာဒို ကာမာဗင်ဂါကို ရိုဒရီနဲ့ အလဲအလှယ်ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကတော့ စပိန်ကွင်းလယ်လူရဲ့ ဒဏ်ရာ အခြေအနေကြောင့် အရင်လို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေလိုခြင်း မရှိတော့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ပြင်သစ် ကွင်းလယ် ကစားသမား အက်ဒူယာဒို ကာမာဗင်ဂါကို ရိုဒရီနဲ့ အလဲအလှယ်ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
ရိုဒရီကို ဒဏ်ရာကြောင့် သိပ်ပြီး သဘောမကျတော့တဲ့ ရီးရဲလ်မက်ဒရစ်

ဘေယန်မြူးနစ် ကတော့ အာဆင်နယ်ရဲ့ နယ်သာလန် နောက်ခံလူ ဂျူရီယန် တင်ဘာကို ခေါ်ယူဖို့ ဆွေးနွေးရန် အာဆင်နယ်ထံ ဆက်သွယ်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကတော့ သူတို့ အသင်း အတွက် အဓိက ကစားသမား ဖြစ်နေတဲ့ တင်ဘာကို ရောင်းထုတ်လိုခြင်း မရှိပါဘူး။

တော့တင်ဟမ်ဟော့စပါး နည်းပြ သောမတ်စ် ဖရန့်ခ် ကတော့ လစ်ဗာပူးလ်ကို ကျော်ဖြတ်ပြီး ဘရန့်ဖို့ဒ် ဗဟိုခံစစ်မှူး နေသန် ကောလင်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းချင်နေကြောင်း သိရပါတယ်။ ဖရန့်ခ်ဟာ အသင်းဟောင်း ဘရန့်ဖို့ဒ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့မှာ လစ်ဗာပူးလ်ကို အသာရနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ဗက်စ်ကို ဒဂါးမား တောင်ပံ ကစားသမား ရေယန် ကိုတော့ ဘရိုက်တန်၊ ချဲလ်ဆီး၊ နော့တင်ဟမ်ဖောရက်စ်နဲ့ စပါးတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီကစားသမားလေးကို အေစီမီလန်နဲ့ ရိုးမား တို့ကလည်း ခေါ်ယူနိုင်တဲ့ ငွေကြေး တစ်ရပ် ရှိနေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ဘာစီလိုနာက ထွက်ခွာပြီးနောက် ခြေစွမ်းပြနေတဲ့ ပါလ်မီးရက်စ် တိုက်စစ်မှူး ဗစ်တာ ရိုကေကို ယူရို သန်း ၄၀ (ပေါင် ၃၄.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ 

ပီအက်စ်ဂျီ ကတော့ အန်ဒါလက်ခ်ျကို အငှားနဲ့ သွားမကစားမီ အခု နွေရာသီမှာ အက်စတွန်ဗီလာကို ယူရို ၈ သန်း (ပေါင် ၇ သန်း)နဲ့ ရောက်ရှိလာတဲ့ အသက် ၁၉ နှစ် အရွယ် ယာရှင် အော့ဇ်ကန်ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်