ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ ဘေယန်မြူးနစ်ရဲ့ ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုမန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုမန်ဟာ ၂၀၁၅ ခုနှစ်မှာ ဘေယန်မြူးနစ်ကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၀ ကျော် ကစားထားသူ ဖြစ်ပါတယ်။
ကိုမန် အနေနဲ့ အဲလ်နာဆာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ နည်းပြ ဗင်းန်ဆင့် ကွန်ပနီ လက်အောက်မှာ ပွဲထွက် ကစားချိန် သိသိသာသာ လျော့ကျသွားတာကြောင့် ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က ဒီနွေရာသီမှာ လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူလိုက်တာကြောင့် ပြင်သစ်သားရဲ့ အနာဂတ်က ပိုပြီး မသေချာဖြစ်သွားခဲ့ပါတယ်။
ကိုမန်ဟာ ဘေယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ကလပ်ဟာ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ တိုက်စစ်ပိုင်ကို အသစ် ပြန်လည် ဖွဲ့စည်းချင်နေပြီး အသင်းရဲ့ ကစားသမား တချို့ကို ရှင်းထုတ်ဖို့လည်း စီစဉ်ထားပါတယ်။ အဲလ်နာဆာ ကတော့ ကိုမန် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ဝန်းကျင်သာ ပေးချေရမှာ ဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ လုပ်ခ လစာ အနေနဲ့တော့ တစ်နှစ်ကို ယူရို သန်း ၂၀ ကနေ ၂၅ သန်းကြား ပေးချေရမယ်လို့လည်း သိရပါတယ်။
ကိုမန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်မှာ ဆယ်စုနှစ် တစ်ခု အကြာ ဖြတ်သန်းခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၃၃၉ ပွဲ ကစားကာ ၆၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုမန်က ဘေယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၉ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်၊ ပိုကယ်ဖလား ၃ ကြိမ်၊ ဂျာမန် စူပါဖလား ၆ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုမန်က ပြင်သစ် လက်ရွေးစင် အသင်းနဲ့တော့ ကမ္ဘာ့ဖလားနဲ့ ဥရောပချန်ပီယံရှစ် ဒုတိယ ၁ ကြိမ်စီ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ကိုမန်ဟာ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်နဲ့ ဘေယန်မြူးနစ် တို့နဲ့ အတူ အမှတ်ပေးချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဆော်ဒီပရိုလိဂ် ကလပ် ကတော့ လာမယ့် ရာသီမှာ ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ အားခဲနေတဲ့ အသင်း ဖြစ်ပါတယ်။ အဲလ်နာဆာဟာ နာမည်ကြီး နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ကို နည်းပြ အဖြစ် ခန့်အပ်ထားခဲ့ပြီးတော့ ဒီနွေရာသီမှာ ယာအို ဖီးလစ်နဲ့ အင်နီဂို မာတီနက်ဇ် တို့လို ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပါတယ်။ အဲလ်နာဆာ အနေနဲ့ ကိုမန်ကို ထပ်မံ ခေါ်ယူနိုင်ခဲ့ရင်တော့ လက်ရှိ အသင်းမှာ ဥရောပရဲ့ ထိပ်တန်း ကစားသမား ၈ ဦးလောက် အထိ ပိုင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။ လက်တလော အဲလ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ ဆာဒီယို မာနေး၊ ယာအို ဖီးလစ်၊ အော့တာဗီယို၊ မာဆယ်လို ဘရိုဇိုဗစ်၊ အမ်းမရစ်ခ် လာပေါ့တ်၊ မိုဟာမက် ဆီမာကန်၊ အင်နီဂို မာတီနက်ဇ် တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ အဲလ်နာဆာဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ နောက်ပိုင်း ဆော်ဒီပရိုလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ဖြစ်ပြီး ရော်နယ်ဒို ရောက်ရှိချိန်က စလို့ နည်းပြ အပြောင်းအလဲ များစွာလည်း ပြုလုပ်ထားရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.