အဲလ်နာဆာရဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဘောလုံးသမားတွေထဲမှာ ပထမဆုံး ဘီလျံနာ ဖြစ်လာခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Bloomberg က ဖော်ပြပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ ဆော်ဒီပရိုလိဂ် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆို ပြီးနောက် ဘီလျံနာ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ၂၀၂၇ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုက ဒေါ်လာ ၁.၄ ဘီလီယံ အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်နဲ့ နောက်ဆုံး ချုပ်ဆိုထားခဲ့တဲ့ စာချုပ်အရ ရော်နယ်ဒို အနေနဲ့ အမေရိကန် ဒေါ်လာသန်း ၄၀၀ ရရှိမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် ၄၀ အရွယ် ရှိနေပြီ ဖြစ်ပေမယ့် မြင့်မားတဲ့ လုပ်ခလစာတွေ အပြင် စပွန်ဆာ စာချုပ်တွေ၊ ကြော်ငြာတွေ ကနေလည်း ဝင်ငွေ များစွာ ရရှိနေဆဲပါ။ ဒါ့အပြင် ရော်နယ်ဒိုက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေလည်း ရှိနေပြီး သူ့ရဲ့ မြင့်မားတဲ့ ပုံရိပ်ကြောင့် အောင်မြင်မှုများစွား ရရှိနေသူ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဲလ်နာဆာကို မရောက်ရှိခင်မှာ ရရှိခဲ့တဲ့ စုစုပေါင်း လုပ်ခ လစာ ကလည်း ဒေါ်လာ သန်း ၅၀၀ ကျော် ရှိနေခဲ့သလို၊ ဟိုတယ် လုပ်ငန်းတွေ ကနေလည်း ဝင်ငွေ များစွာ ရရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၁.၄ ဘီလီယံ ရှိနေပြီ ဖြစ်ကြောင်း Bloomberg က ဖော်ပြခဲ့တာပါ။

တစ်ဖက်မှာလည်း ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ ကာလရှည်ကြာ အဓိက ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ ကြွယ်ဝ ချမ်းသာမှုကို ကျော်ဖြတ်နိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အချက်အလက်တွေ အရ ဆိုရင် မက်ဆီက လက်ရှိမှာ လုပ်ခလစာ အပြင် တခြားသော ဝင်ငွေတွေကြောင့် စုစုပေါင်း ၁.၂ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာလာဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာမိုင်ယာမီက မက်ဆီကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းရဲ့ ရှယ်ယာတချို့ကို ပေးအပ်သွားဖို့ ရှိနေတာကြောင့် အာဂျင်တီးနားသားရဲ့ ကြယ်ဝ ချမ်းသာမှု ကတော့ အနာဂတ်မှာ ထပ်တိုးလာဦးမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းတွေအရ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၂၂ နှစ်တာ ကာလ အတွင်း စွမ်းဆောင်ပေးခဲ့မှုတွေ အတွက် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရကြောင်းလည်း သိရပါတယ်။ အဲဒီဆုပေးပွဲ အခမ်းအနားမှာ ရော်နယ်ဒိုက သူ့ အနေနဲ့ ကစားသမား ဘဝ ကနေ အနားယူဦးမှာ မဟုတ်ကြောင်းနဲ့ ဂိုး ၁၀၀၀ ပြည့် သွင်းယူနိုင်ဖို့ ကြိုးစားသွားဦးမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ ရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး ၉၄၆ ဂိုး အထိ ရရှိထားပြီး ၁၀၀၀ ပြည့်ဖို့ ၅၄ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်ရာသီခွဲ အတွင်း အဲလ်နာဆာ အတွက် ပြိုင်ပွဲစုံ ၁၁၁ ပွဲ ကစားပြီး ၉၉ ဂိုး သွင်းယူထားခဲ့ပါတယ်။ ဒါတောင် နိုင်ငံ လက်ရွေးစင် အသင်း အတွက် သွင်းယူထားတဲ့ ဂိုးတွေ မပါသေးပါဘူး။ ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် စုစုပေါင်း ၂၂၃ ပွဲ ကစားပြီး ၁၄၁ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.