နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ဂိုး ၅၀ သာ လိုတော့တဲ့ ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုက အဲလ်ဟာဇင်ကို ၂-၀နဲ့ အနိုင်ရတဲ့ ပွဲရဲ့ ပွဲချိန် ၈၈ မိနစ်မှာ အသင်း အတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးပြီးနောက် အခုလို စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမား ဘဝ သက်တမ်း တစ်လျှောက် စပို့တင်းလစ္စဘွန်း အတွက် ၅ ဂိုး၊ မန်ချက်စတာယူနိုက်တက် အတွက် ၁၄၅ ဂိုး၊ ရီးရဲလ်မက်ဒရစ် အတွက် ဂိုး ၄၅၀၊ ဂျူဗင်တပ်စ် အတွက် ၁၀၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက်တော့ ၁၁၉ ပွဲ ကစားကာ ၁၀၆ ဂိုး သွင်းယူထားပြီး ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၄၃ ဂိုး သွင်းယူထားပါတယ်။

အမျိုးသား ဘောလုံးသမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ ရော်နယ်ဒိုရဲ့ နောက်မှာ မက်ဆီက ၈၉၁ ဂိုး၊ ပီလီက ၇၆၂ ဂိုး၊ ရိုမာရီယိုက ၇၅၆ ဂိုး၊ ပွတ်ရှ်ကပ်စ်က ၇၂၅ ဂိုးနဲ့ အသီးသီး ရှိနေပါတယ်။ ရော်နယ်ဒို အနေနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ ၆ ဂိုး သွင်းထားပြီး ပြိုင်ပွဲစုံ မှာတော့ ၇ ဂိုး ရှိနေပါတယ်။ လက်ရှိ မှာတော့ သူ့အနေနဲ့ သွင်းဂိုး ၁၀၀၀ အိပ်မက် အတွက် ဂိုး ၅၀ သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ ၆ ဂိုး သွင်းထားပြီး ပြိုင်ပွဲစုံ မှာတော့ ၇ ဂိုး ရှိနေပါတယ်။
ကစားသမား ဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ရော်နယ်ဒို

ကစားသမားဘဝ သွင်းဂိုး ၉၅၀ ပြည့်ပြီးနောက် ရော်နယ်ဒိုက “အသင်းရဲ့ နိုင်ပွဲ အတွက် ကူညီရတာကြောင့်နဲ့ သွင်းဂိုး ၉၅၀ ပြည့်မြောက်လို့ ပျော်ရွှင်မိပါတယ်။ နောက်ထပ် သွင်းဂိုးတွေလည်း အမြဲတမ်း ဆာလောင်နေပါတယ်။” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တစ်ဖက် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ထားခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဒီကစားသမားဟာ နိုင်ငံတကာ ရက်သတ္တပတ်က ဟန်ဂေရီနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ပေါ်တူဂီ အတွက် ၂ ဂိုး သွင်းယူပြီးနောက် အဲဒီစံချိန်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ တခြားသော ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ ၁၀၄ မိနစ်တိုင်းမှာ ပျမ်းမျှ ၁ ဂိုး သွင်းယူထားပါတယ်။ သူဟာ ပေါ်တူဂီကို ခြေစစ်ပွဲ အဆင့်မှာ ၃၆ ပွဲ အနိုင်ရအောင် ကူညီပေးခဲ့ပြီး ရှုံးပွဲ ကတော့ ၂ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီသားကြီးက ခြေစစ်ပွဲ အဆင့်မှာ ပင်နယ်တီ ကနေ တဆင့် ခြေစစ်ပွဲ သွင်းဂိုး ၅ ဂိုး သွင်းယူပေးခဲ့ပြီး ၂ ဂိုးက တိုက်ရိုက် ဖရီးကစ် ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုး ၂၃ ဂိုးထဲက အများစုဟာ ညာခြေနဲ့ ကန်သွင်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဘယ်လွန်ဒေါ ၅ ကြိမ် ဆွတ်ခူးထားနိုင်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပြီး စုစုပေါင်း ၄၂၉၅ မိနစ် ကစားပြီး ၉၁ မိနစ်တိုင်းမှာ ပျမ်းမျှ ဂိုးပါဝင် ပတ်သတ်မှု ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၅ ခုနှစ် အတွက် ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး စာရင်းကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးသမားတွေထဲမှာ ဒုတိယ ဝင်ငွေ အကောင်းဆုံး ကတော့ အင်တာမိုင်ယာမီရဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဖြစ်ပါတယ်။ မက်ဆီဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၁၃၀ ရရှိနေတာကြောင့် ရော်နယ်ဒို အနေနဲ့ ဒုတိယ ဝင်ငွေ အကောင်းဆုံး ကစားသမားထက်တောင် ဝင်ငွေ နှစ်ဆမက ရရှိနေတယ်လို့တောင် ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်