အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ရဲ့ အကောင်းဆုံးဆု နှစ်ခုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရပါတယ်။ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် ပေးအပ်တဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ပရိသတ်တွေက ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေက ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု ကတော့ တစ်ရာသီ အတွင်း ပွဲစဉ်အလိုက် အကောင်းဆုံးဆု အကြိမ်ရေ အများဆုံး ရရှိတဲ့ သူကို ရွေးချယ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်မှာ ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ၁၅ ကြိမ် အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ပွဲစဉ် ၂၇ အဖြစ် အဲလ်ရီယက်ဒ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာလည်း သွင်းယူခဲ့တဲ့ ဂိုးနဲ့ အကောင်းဆုံး သွင်းဂိုးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ကိုတော့ ရော်နယ်ဒိုက ၁၈ ကိုက်စည်း ထိပ်ကနေ မြေမကျ ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အဲလ်နာဆာနဲ့ ပြည်တွင်း ဆုဖလား အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပေမယ့် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ နှစ်ရာသီ ဆက်တိုက် ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို ရရှိထားပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိ အဲလ်နာဆာနဲ့ အတူ အာရပ် ကလပ် ချန်ပီယံရှစ် ဖလား တစ်လုံးသာ ရရှိထားပြီး အဓိက ဆုဖလားတွေနဲ့တော့ လွဲချော်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ပေါ်တူဂီသားကြီးက ပြီးခဲ့တဲ့ ရာသီအကုန်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲလ်နာဆာနဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်ကြောင့် ရော်နယ်ဒို အနေနဲ့ ၂၀၂၇ ခုနှစ် အထိ ဆော်ဒီပရိုလိဂ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ၂ နှစ် စာချုပ် အတွက် ပေါင် သန်း ၅၀၀ ကျော် ရရှိမယ်လို့ သိရပြီးတော့ ဒီစာချုပ် ကလည်း အားကစားသမိုင်းရဲ့ တန်ဖိုးအမြင့်ဆုံး စာချုပ်အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။
ရော်နယ်ဒိုဟာ အခြေခံလစာ အဖြစ်လည်း တစ်ရက်ကို ပေါင် ၄၈၈၀၀၀ အထိ ရရှိမှာ ဖြစ်ပြီး လက်မှတ်ထိုးကြေး အနေနဲ့ ပေါင် ၂၄.၅ သန်း၊ (ဒုတိယနှစ်မှာ ပေါင် ၃၈ သန်း အထိ တိုးမြှင့်ရရှိမယ်) ၊ ပေါင် ၃၃ သန်း တန်ဖိုးရှိတဲ့ အဲလ်နာဆာ ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်၊ သီးသန့် လေယာဉ် အသုံးပြုမှု အတွက် ပေါင် ၄ သန်း၊ အချိန် ပြည့် ဝန်ထမ်း ၁၆ ဦး အတွက် ပေါင် ၁.၄ သန်း ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။
ကစားသမား ဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိမှာ ကလပ် အသင်းတွေမှာ ဂိုး ၈၀၀ နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၃၈ ဂိုး၊ စုစုပေါင်း ၉၃၈ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.