စကော့တလန် ကွင်းလယ်လူ စကော့တ် မက်တော်မီနေး ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သလို ၁ နှစ်တာ အကောင်းဆုံး အသင်း စာရင်း မှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ မက်တော်မီနေးဟာ ယူနိုက်တက်မှာ တိမ်မြုပ်ခဲ့ရသလောက် စီးရီးအေ ကလပ် အတွက် ပွဲဦးထွက်ရာသီမှာတင် ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။
ဒီဆုကို ရရှိခဲ့တဲ့ မက်တော်မီနေးက ဆုပေးပွဲ အခမ်းအနားမှာ မက်တော်မီနေးက “နာပိုလီကို ပြောင်းရွှေ့ဖို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့် အတွက် မှန်ကန်တဲ့ အသင်းကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းမှာ ကစားရတာနဲ့ အခုလို အကောင်းဆုံးဆု ရရှိခဲ့တာက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော့် အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ နာပိုလီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ နာပိုလီ အသင်း အကြားမှာ ရှိတဲ့ ပတ်သက် ဆက်နွယ်မှုက အရမ်းကို ထူးခြားမှုတွေ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက် တော်မီနေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက သူ ဆယ်စုနှစ် တစ်ခု အကြာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးတော့ နာပိုလီကို ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ စကော့တလန် လက်ရွေးစင်ဟာ နာပိုလီနဲ့ ပွဲဦးထွက်ရာသီ စီးရီးအေမှာ ၁၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူက ၁၉၆၁-၁၉၆၂ ဘောလုံးရာသီက တိုရီနိုရဲ့ စကော့တလန် ဂန္ထဝင် တိုက်စစ်မှူးကြီး ဒင်းနစ် လော တင်ထားတဲ့ စီးရီးအေ တစ်ရာသီ အတွင်း သွင်းဂိုး အများဆုံး စကော့တလန် ကစားသမား ဆိုတဲ့ စံချိန်ကို ၆၃ နှစ်အကြာမှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပွဲ ဖြစ်တဲ့ ကက်ဂလီယာရီကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ မက်တော်မီနေးက အဖွင့်ဂိုးသွင်းခဲ့ပြီး သူဟာ ပြိုင်ပွဲစုံ မှာတော့ စုစုပေါင်း ၃၉ ပွဲ ကစား၊ ၁၃ ဂိုး သွင်း၊ ဂိုး ဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ မက်တော်မီနေးဟာ ပြီးခဲ့တဲ့ ဧပြီလ အတွင်း စီးရီးအေ တစ်လတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာကြောင့် အဲဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး စကော့တလန် ဘောလုံးသမား အဖြစ် စံချိန်တင်ခဲ့သလို ရာသီကုန် မှာလည်း စီးရီးအေရဲ့ တန်ဖိုး အရှိဆုံး ကစားသမားဆု ရရှိခဲ့တဲ့ အပြင် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ စီးရီးအေ အကောင်းဆုံး အသင်း မှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
ဒါ့အပြင် မက်တော်မီနေး ကလည်း ၂၀၂၅ ခုနှစ် ဘယ်လွန်ဒေါဆု ဆန်ကာတင် စာရင်းမှာ အဆင့် ၁၈ ချိတ်ခဲ့ပါတယ်။ ဒါက ၃၈ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းမှာ ရွေးချယ်ခံရတဲ့ ပထမဆုံး စကော့တလန်သား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်တော်မီနေးရဲ့ တထောင့်တနေရာက တွန်းတင်ပေးမှုနဲ့ နာပိုလီဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ၄ ကြိမ်မြောက် စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် မက်တော်မီနေးက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပြီး ဒီဆုကို ရရှိတဲ့ ပထမဦးဆုံး စကော့တလန် ကစားသမား အဖြစ် စံချိန်တင်ခဲ့သလို ဂန္ထဝင်တွေ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဇလာတန် အီဘရာဟီမိုဗစ်၊ ကာကာ၊ တော့တီ၊ ဇီဒန်း၊ ရော်နယ်ဒို (ဘရာဇီးလ်) တို့လိုပဲ ဒီဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


