အောက်တိုဘာ ၂၃ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အေစီမီလန် ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း လူကာ မိုဒရစ်နဲ့ တွဲဖက် ကစားစေဖို့ မန်စီးတီး ကွင်းလယ်လူ မက်တေးယို ကိုဗာချစ်ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ကိုဗာချစ် ကတော့ မန်စီးတီး ကနေ ထွက်ခွာဖို့ ရှိပြီး စီးရီးအေကို ပြောင်းရွှေ့ဖို့ အလားအလာ များနေပါတယ်။
ဂျူဗင်တပ်စ် ကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ခီဖရန် သူရမ်ကို ရောင်းချဖို့ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာတော့ စီးရီးအေ ထိပ်သီး တို့က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် သတ်မှတ်သွားဖွယ် ရှိတယ်လို့ Tutto Juve က ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်က သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဗလာဟိုဗစ်ဟာ ၂၀၂၆ ခုနှစ်မှာ တူရင် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးသို့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။
ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန် တို့ထက် စထရက်ဘော့ဂ် ညာနောက်ခံလူ ဂူလာ ဒူရေးကို ခေါ်ယူဖို့ အခြေအနေကောင်းနေကြောင်း သိရပါတယ်။ ဒီကစားသမားရဲ့ လက်ရှိ တန်ကြေး ကတော့ ယူရို သန်း ၃၀ (ပေါင် ၂၆.၁ သန်း) ရှိနေကြောင်း သိရပါတယ်။
မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဘာစီလိုနာ ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဘဲလ်ဒီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ တွန်းအားပေးနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် အားကစား ဒါရိုက်တာ ဒေကိုနဲ့ စကားပြောဆိုခဲ့ကြောင်း E-Notícies က ဖော်ပြပါတယ်။

နယူးကာဆယ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်းက အသက် ၁၉ နှစ် အရွယ် ဗက်စ်ကို ဒဂါးမား တောင်ပံ ကစားသမား ရေယန်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ ဒီကစားသမားလေး ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီးက ကင်းထောက်တွေ အားလုံးက စောင့်ကြည့်နေကြောင်း TBR Football က ဖော်ပြပါတယ်။
အဲလ်အာလီ တိုက်စစ်မှူး အိုင်ဗန် တိုနေး ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် လက်ကျန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ကစားခွင့်ရဖို့ ဇန်န၀ါရီမှာ ပရီးမီးယားလိဂ်ဆီ ပြန်လာလိုနေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဒီကစားသမားဟာ ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။
ဘေယန်မြူးနစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။ အဓိက ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် စိတ်ဝင်စားခြင်း မရှိတာ ဖြစ်ကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ဘုတ်အဖွဲ့ဝင်တွေ ကတော့ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေ ချက်ချင်း တိုးတက်လာဖို့ လိုအပ်ကြောင်း နည်းပြ အာနေး ဆလော့တ်ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနွေရာသီမှာ လစ်ဗာပူးလ်က ငွေအမြောက်အမြား သုံးစွဲထားပေမယ့် ရလဒ်ပိုင်း ကတော့ အားစရာမရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


