အောက်တိုဘာ ၄ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် နောက်ခံလူ ဂလိုင်ဆင် ဘရီမာကို ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လန်ဒန် ကလပ်ဟာ ဒီကစားသမား အတွက် ယူရို သန်း ၆၀ (ပေါင် ၅၂.၃ သန်း) ပေးချေရဖွယ် ရှိနေပါတယ်။ တစ်ဖက် မှာလည်း ဘရာဇီးလ်သားကို မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူဖို့ စဉ်းစားလျက် ရှိနေပါတယ်။
ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ ထွက်ခွာချင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက ဒီနွေရာသီမှာ ဗီလာရီးရဲလ် အသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီး လာမယ့် ၂၀၂၆ ရောက်မှ အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားကြောင်း AS က ဖော်ပြပါတယ်။
အဲရစ်ခ် ဂါစီယာ အနေနဲ့ လာမယ့် နှစ်လ အတွင်း ဘာစီလိုနာနဲ့ သက်တမ်းတိုး စာချုပ်မချုပ်ဆို ဖြစ်ခဲ့ရင်တော့ ပီအက်စ်ဂျီက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အသင့် စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း စပိန်သားရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လာလီဂါ ချန်ပီယံတွေနဲ့ အတူ ဆက်ရှိနေဖို့ ဖြစ်ကြောင်း စပိန် သတင်းစာ SPORT က ဖော်ပြပါတယ်။
အီဘရာဟီမာ ကိုနာတေး ကတော့ လစ်ဗာပူးလ်မှာ ဆက်လက် ကစားလိုခြင်း မရှိတော့ပဲ ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ဘက်ကတော့ ကိုနာတေးကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲ မှာတော့ ဘရန့်ဖို့ဒ်က ယူကရိန်း လက်ရွေးစင် ကွင်းလယ်လူ ယီဟာ ယာမိုလစ်ခ် ပါဝင်နေပါတယ်။ ဒီကစားသမား ကိုတော့ တော့တင်ဟမ်ဟော့စပါး ကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဝါရန် ဇိုင်း အမ်မရီရဲ့ အေးဂျင့်တွေဟာ အာဆင်နယ်၊ မန်စီးတီး၊ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၉၀ (ပေါင် ၇၈.၄ သန်း) တန်ကြေး သတ်မှတ်ထားပါတယ်။
ဂျူရီယန် တင်ဘာ ကတော့ ဘေယန်မြူးနစ်က စိတ်ဝင်စားနေပေမယ့် အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့သာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒီကစားမား ကိုတော့ ဂန်းနားတွေက မကြာခင်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်သွားဖွယ် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ အက်စတွန်ဗီလာ ဂိုးသမား အီမီလီနို မာတီနက်ဇ်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ရွိုင်ရယ် အန့်ဝပ် ဂိုးသမား ဆန်နီ လမ်မန်စ်ကို ခေါ်ယူထားပေမယ့် ထိပ်တန်း အဆင့် ဂိုးသမား တစ်ဦးကို ထပ်မံ ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်ဟာ အီတလီ လက်ရွေးစင် နောက်ခံလူဟောင်း ကနာဗာရိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၅၂ နှစ် အရွယ် ကနာဗာရိုဟာ ၂၁ ရာစု အတွင်း ဘယ်လွန်ဒေါဆု ရရှိဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကစားသမား ဘဝ ကနေ အနားယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ နည်းပြလောကကို ဝင်ရောက်ခဲ့ပြီး ကွမ်ကျိုးအဲဗားဂရင်း၊ အဲလ်နာဆာ၊ တီယန်ဂျင်း၊ တရုတ် လက်ရွေးစင် အသင်း၊ ဘင်နီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက် အသင်းတွေကို ကိုင်တွယ်ကာ လက်ရှိအချိန် မှာတော့ အသင်း လက်မဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘက်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင် အသင်း နည်းပြ အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.