ဇူလိုင် ၃၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ရန်းဒဲလ် ကိုလို မူအာနီ ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ် ကတော့ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ စီစဉ်နေခဲ့တာ ဖြစ်ပြီး သူတို့ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ပြင်သစ်သားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက် ကတော့ အိုလီ ဝက်ကင်န်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း ဗီလာက လိုက်ပ်ဇစ်က လူးဝစ္စ အိုပန်ဒါကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အိုလီဝက်ကင်န် အပြင် ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ အတွက်လည်း ချဉ်းကပ်နေပြီး အပြောင်းအရွှေ့ အတွက် ဂါနာချိုကို အသုံးချသွားဖို့တော့ ရှိနေပါတယ်။
လစ်ဗာပူးလ်နဲ့ အလက်ဇန္တား အိဆက်ခ် တို့ကတော့ တစ်ရာသီကို ယူရို ၁၃ သန်း တန်ကြေး ရှိတဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ယူနိုက်တက်နဲ့ ညှိနှိုင်းမှုတွေ ကတော့ လက်ရှိအချိန်ထိ တိုးတက်လာခြင်း မရှိသေးကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ အိဆက်ခ်ကို လစ်ဗာပူးလ်ထံ ပေါင် သန်း ၁၅၀ နဲ့ ရောင်းထုတ်ပြီး ကစားသမားသစ်တွေ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကိုတော့ နယူးကာဆယ်က အိဆက်ခ် နေရာမှာ တိုက်ရိုက် အစားထိုးချင်နေပြီး အင်တာမီလန် ကွင်းလယ်လူ နီကိုလို ဘာရယ်လာနဲ့ လေဗာကူဆင်က ပိုင်ရို ဟင်ကပ်ပီ တို့ကိုလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်တာကြောင့် လူစာရင်းကို မြှင့်တင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လေဗာကူဆင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ပြန်လည် ပေါင်းစည်းဖို့ ပစ်မှတ်ထားနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ်သား ကိုတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက်တွေ ဖြစ်တဲ့ လိုက်ပ်ဇစ်၊ ဖရန့်ဖတ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ဟွိုက်ဂျ်လန်းက စီးရီးအေ ထိပ်တန်း ကလပ် ၃ သင်း ဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်စ် တို့ရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်နေဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန် လူဝီဂျီ ဒွန်နာရမ်းမားကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း SportsZone က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အဲလ်အစ်တီဟတ်နဲ့ ဂါလာတာဆာရေး တို့ကတော့ ဒွန်နာရမ်းမားရဲ့ တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀ ပေးချေဖို့ အဆင့်သင့် ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.