အေစီမီလန် နည်းပြသစ် မက်ဆီမီလီယာနို အယ်လီဂရီ ကတော့ နောက်ပိုင်း နှစ်တွေမှာ သိသိသာသာ ကျဆင်းသွားတဲ့ အီတလီ ထိပ်သီး ကလပ်ရဲ့ အရင်လို ခမ်းနား ထည်ဝါမှုတွေကို ပြန်လည် ရယူပေးမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။ အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီက ဆယ်စုနှစ် တစ်ခု အတွင်း အဆိုးရွားဆုံး စီးရီးအေ အဆင့် ရပ်တည်မှု အဖြစ် အဆင့် ၈ ကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အေစီမီလန်က နည်းပြ ဆာဂျီယို ကွန်စီကာအိုကို ၅ လ အကြာမှာ ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး အီတလီမြေမှာ အောင်မြင်မှု များစွာ ရရှိခဲ့ဖူးတဲ့ မက်စ် အယ်လီဂရီနဲ့ အစားထိုး ပြန်လည် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အယ်လီဂရီက ရာသီသစ် မစတင်ခင်မှာ အခုလိုပဲ ကတိပေးစကားတွေ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
အယ်လီဂရီက စင်ကာပူမှာ အာဆင်နယ်နဲ့ ကစားမယ့် ရာသီကြို ခြေစမ်းပွဲ မတိုင်ခင် သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဒီရာသီအတွက် ရည်မှန်းချက်က အေစီမီလန်လို ဥရောပပြိုင်ပွဲတွေမှာ ကစားရမယ့် အသင်း တစ်သင်း အနေနဲ့ ချန်ပီယံလိဂ်ဆီ ပြန်သွားနိုင်ဖို့ပါပဲ။ ဒါက ကျွန်တော့် အတွက် စစချင်းကတည်းက တစ်ခုတည်းသော ရည်မှန်းချက်ပါပဲ။ ဒါတွေက အသင်း အတွက် အရေးပါတဲ့ ပွဲတွေပါ။ ကျွန်တော်တို့ နောက်ပြန် လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။ အနာဂတ် ကိုပဲ မျှော်ကြည့်နေမှာပါ။” လို့ အယ်လီဂရီက ဆိုပါတယ်။

အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အယ်လီဂရီဟာ အေစီမီလန်ကို ပထမဦးဆုံး ကိုင်တွယ်တဲ့ ရာသီမှာပဲ စကူဒက်တိုဖလား (စီးရီးအေ) ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ကလပ် အတွက် ပထမဆုံးဦးဆုံး အမှတ်ပေးဖလားလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အယ်လီဂရီက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေ ချန်ပီယံဆုကို ၅ ကြိမ် ဆက်တိုက် ရယူကာ တခြားသော ဆုဖလား အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။
အဲဒီနောက် အယ်လီဂရီက အခုလက်ရှိ အေစီမီလန်ကို ကိုင်တွယ်ရတဲ့ အခြေအနေ အပေါ် သူ့ရဲ့ အမြင်ကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ အယ်လီဂရီက“ကျွန်တော် မီလန်ကို ပထမဆုံး စတင် ကိုင်တွယ်ခဲ့တုန်းကနဲ့ ဆိုရင် ဆယ်စုနှစ် တစ်ခု ကျော်သွားပါပြီ။ အခြေအနေတွေက အခုဆို သိသိသာသာကို ကွာခြားသွားပြီ။ မီလန်မှာတင်မကဘဲ ဘောလုံးလောကမှာပါ အများကြီး ပြောင်းလဲသွားပါပြီ။ ဒါပေမယ့် အလုံးစုံ ရည်မှန်းချက် ကတော့ အတူတူပါပဲ၊ အဲဒါကတော့ ဒီကလပ်ကို သူနဲ့ ထိုက်တန်တဲ့ နေရာ၊ ချန်ပီယံလိဂ်ကို ပြန်ရောက်အောင် ပို့ဆောင်ဖို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး အယ်လီဂရီက သူ့ အနေနဲ့ ရီးရဲလ်မက်ဒရစ် ကနေ မကြာသေးခင် ကမှ ခေါ်ယူထားတဲ့ လူကာ မိုဒရစ်ကို ရာသီသစ်မှာ အဓိက အားထားသွားမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ အသက် ၃၉ နှစ် အရွယ် ဘယ်လွန်ဒေါဆုရှင် အနေနဲ့ အေစီမီလန် အတွက် ပေးစွမ်းနိုင်တာတွေ အများကြီး ရှိနေသေးကြောင်း အယ်လီဂရီက ယုံကြည်နေပြီး အသင်းဖော်တွေကို စိတ်ဓာတ် မြှင့်တင်ပေးဖို့ အတွက် ကစားသမားရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံနဲ့ ဦးဆောင်နိုင်စွမ်းကို အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း အယ်လီဂရီက “မိုဒရစ်က အထူးတလည် မိတ်ဆက်ပေးနေဖို့ မလိုတဲ့ သက်သေပြပြီးသား ချန်ပီယံ တစ်ယောက်ပါ။ သူက စည်းကမ်းပိုင်းတင်မကဘဲ နည်းစနစ်ပိုင်းဆိုင်ရာမှာပါ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။” လို့ ဆိုပါတယ်၊အေစီမီလန်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ စီးရီးအေမှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် ကိုပါအီတလီယာဖလား ဖိုင်နယ်မှာ ဘိုလော့ဂ်နာကို ထပ်မံ ရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်က ဒီရာသီ ဥရောပ ပြိုင်ပွဲတွေနဲ့ လုံးဝ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.