အီတလီ စီးရီးအေ ကလပ် ရိုးမား ကတော့ ဒီနွေရာသီမှာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် ပျောက်ဆုံးနေသူ ဖြစ်ပြီး သူ့ကိုတော့ ဒီအပြောင်းအရွှေ့ ကာလမှာ အသင်း များစွာက စိတ်ဝင်စားနေခဲ့ကြတာပါ။ အခုဆိုရင်တော့ ဂတ်စ်ပီရီနီရဲ့ အသင်းက ဆန်ချိုလုပွဲထဲကို နောက်ဆုံး ဝင်ရောက်လာခဲ့ပြီး သူရဲ့ အပြောင်းအရွှေ့ဆိုင်ရာ အချက်အလက်တွေကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
အီတလီ မီဒီယာ Sport Italia ရဲ့ ဖော်ပြချက်အရ ရိုးမားက ယူနိုက်တက်ရဲ့ အပယ်ခံ ဆန်ချိုရဲ့ အခြေအနေတွေကို စောင့်ကြည့်ခဲ့ပြီးနောက်မှာ တောင်ပံ ကစားသမားကို ခေါ်ယူဖို့ တက်တက်ကြွကြွ စတင် ကြိုးပမ်းလာတာ ဖြစ်ကြောင်း သိရပါတယ်။ စီးရီးအေ ကလပ်ဟာ ဒီနွေရာသီမှာ ဘရိုက်တန်က အီဗန် ဖာဂူဆန်ကို အငှားနဲ့ ခေါ်ယူထားခဲ့သလို အာတမ် ဒိုဗစ်ခ်လို တိုက်စစ်မှူးလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဂတ်စ်ပီရီနီက သူတို့ အသင်းရဲ့ ရလဒ်တွေကို တိုက်စစ်ပိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ယူဆထားတာကြောင့် ဂျေဒန် ဆန်ချိုကို အတည်တကျ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် အင်္ဂလန် တောင်ပံ ကစားသမားဟာ အစောပိုင်းမှာ စီးရီးအေ ကလပ်ပဲ ဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရင် ကလပ်နဲ့ ဆွေးနွေးမှုတွေက လက်ရှိမှာ ရပ်တန့်နေလျက် ရှိနေပါတယ်။

တစ်ဖက် မှာလည်း ဆန်ချိုရဲ့ ကလပ်ဟောင်း ဖြစ်တဲ့ ဒေါ့မန်က အားကစားဒါရိုက်တာ ဆဘက်ရှန် ခါးလ် ကလည်း ဆန်ချိုကို ဂျာမန်မြေဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုထားပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က သူတို့ရဲ့ တောင်ပံကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂ဝ ဝန်းကျင်သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက စိတ်ဝင်စားနေတဲ့ ကလပ်တွေက ယူနိုက်တက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်တာ ဒါမှမဟုတ် အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှား စာချုပ်နဲ့သာ အရင်ဆုံး ခေါ်ယူချင်နေတာကြောင့် ညှိနှိုင်းမှုတွေ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆန်ချိုကို ဂျူဗင်တပ်စ်နဲ့ ရိုးမား အပြင် နောက်ထပ် စီးရီးအေ ထိပ်တန်း ကလပ် တစ်ခု ဖြစ်တဲ့ အင်တာမီလန် ကလည်း စိတ်ဝင်စားနေပါသေးတယ်။ အင်တာမီလန်ရဲ့ အဓိက ပစ်မှတ်ဟာ လွတ်ခ်မန်း ဖြစ်ပါတယ်။ ဒါပေမယ့် အတ္တလန္တာက သူတို့ရဲ့ ကစားသမားကို မရောင်းချင်တာကြောင့် ဆန်ချိုကို ပြောင်းလဲ ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အီဂေါ တူဒါရဲ့ ဂျူဗင်တပ်စ်က အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားနိုင်တာကြောင့် ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အသင်း အဖြစ်ရှိနေပါတယ်။တစ်ဖက် မှာလည်း မန်ချက်စတာယူနိုက်တက်က ဒီနွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူချင်နေဆဲ ဖြစ်ပေမယ့် မလိုအပ်တဲ့ ကစားသမားသစ်တွေကို ရှင်းထုတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမော်ရင် ကိုယ်တိုင်က သူတို့ရဲ့ ကစားသမားတွေကို ပေါပါပဲပဲ ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြောဆိုထားတာကြောင့် အနည်းငယ် ခက်ခဲဦးမယ့် သဘော ရှိပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အထောင် တိုက်စစ် အတွက် ဆက်စ်ကို ကို ခေါ်ယူ အပြီးမှာ ဘရိုက်တန် ကွင်းလယ် ကြယ်ပွင့် ကားလို့စ် ဘယ်လီဘာ့ကို ဆက်လက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ အကယ်၍ ယူနိုက်တက်သာ ဘယ်လီဘာ့ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ လာမယ့် ရာသီ လူစာရင်းက အတိုင်းအတာ တစ်ခု အထိ တောင့်တင်းသွားတော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.