နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ ကလပ်တွေ ဘာကြောင့် ကျရှုံးလာခဲ့တာလဲ

စီးရီးအေ ကလပ်တွေဟာ နောက်ပိုင်း နှစ်တွေမှာ ဘောလုံးအဆင့်အတန်း တဖြည်းဖြည်း ကျဆင်းလာပြီး ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ နေရာရဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် အီတလီ ကလပ်တွေ ဥရောပရဲ့ ထိပ်သီး အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတာဟာ ရှောင်လွှဲမရတဲ့ အကျိုးဆက် တစ်ခုလို့ အလက်ဆန်ဒရို ဒဲလ်ပီယာရိုက ကြည်နေပါတယ်။

 

အီတလီ ကလပ်တွေရဲ့ ရလဒ်ပိုင်း ကျဆင်းလာမှု 

စီးရီးအေ ကလပ်တွေဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ အခြေအနေ တော်တော်လေး ဆိုးရွားနေပါတယ်။ အင်တာမီလန်ဟာ ပလေးအော့ဖ် အဆင့်မှာ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် ကို နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒါဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် နော်ဝေ အသင်း တစ်သင်းက အီတလီ ကလပ် အသင်း တစ်သင်းကို ရှုံးထွက်အဆင့်မှာ ပထမဆုံးအကြိမ် အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ စီးရီးအေ ချန်ပီယံ အန်တိုနီယို ကွန်တီရဲ့နာပိုလီဟာ ချန်ပီယံလိဂ် လိဂ် အဆင့် (၃၀) နေရာ မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့် ကိုတောင် မရောက်လိုက်ပဲ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ် ကတော့ ပလေးအော့ဖ် ပထမအကျော့မှာ တူရကီ ကလပ် ဂါလာတာစာရေးကို ၅-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအကျော့ တူရင်မှာ သာမန် ပွဲချိန် အတွင်း ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ဂျူဗင်တပ်စ်ဟာ ပွဲချိန်ကြာလာတာနဲ့ အမျှ ပင်ပန်းနွမ်းနယ်လာသလို အဆုံးသတ် အားနည်းချက်တွေကြောင့် ဂါလာတာဆာရေးရဲ့ အနိုင်ဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

စီးရီးအေ ကလပ်တွေထဲမှာ ချွင်းချက် အနေနဲ့ အတ္တလန္တာ ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပထမအကျော့ ဒေါ့မန် ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ၄-၁ ရလဒ်နဲ့ ပြန်လည် အနိုင်ရပြီး နောက်တဆင့်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီ ကလပ် ၄ သင်းစလုံးဟာ လိဂ်အဆင့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အဆင့် (၈) အတွင်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

 

ဒဲလ်ပီယာရိုရဲ့ ပြင်းထန်တဲ့ ဝေဖန်သုံးသပ်ချက်

CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ အီတလီ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒဲလ်ပီယာရိုက အီတလီ ဘောလုံးလောကရဲ့ အားနည်းချက်တွေကို အချက် (၄) ချက်နဲ့ ထောက်ပြခဲ့ပါတယ်။ “ကျွန်တော် ငိုလိုက်ရမလား။ ဒါဟာ တကယ့်ကို ရုန်းကန်နေရတဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း အီတလီမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် အလွန်နည်းပါးနေပြီး တခြား ဈေးကွက်တွေက အီတလီထက် အဆမတန် ကြီးမားသွားပြီ ဖြစ်ပါတယ်။”

“ဒေါ့မန်နဲ့ အတ္တလန္တာ ပွဲမှာ ၂၀၀၈ ခုနှစ်ဖွား အီတလီ လူငယ် နှစ်ယောက်က ဒေါ့မန် အတွက် ကစားပေးနေတာကို တွေ့ရလိမ့်မယ်။ ဒါက ဘာဖြစ်တာလဲ။ အဲဒီ အီတလီ လူငယ်တွေက ဘာလို့ ဒေါ့မန်မှာ သွားကစားနေရတာလဲ။” လို့ ဒဲလ်ပီယာရိုက မေးခွန်းထုတ်ခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အီတလီအသင်းတွေဟာ အကြွေးတွေ လျှော့ချဖို့နဲ့ ဘဏ္ဍာရေးအရ ပိုမို စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ ဂျူဗင်တပ်စ်လိုမျိုး ရာသီကုန်တိုင်း အကြွေးတွေ အတွက် ချက်လက်မှတ် အကြီးကြီး ထိုးပေးမယ့် ပိုင်ရှင်မျိုး အသင်းတိုင်းမှာ မရှိပါဘူး။ နောက်ပြီး ဘောလုံးကို ကွင်းထဲမှာတင် မကဘဲ ဘောလုံး အားကစား တစ်ခုလုံး အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာကို ပြန်လည် ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ အငြင်းပွားမှုတွေထက် အများပြည်သူကို ပြသနေတဲ့ ပုံရိပ်တွေ အတွက် ပိုပြီး တာဝန်ယူမှု ရှိဖို့ လိုအပ်ပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

အနှစ်ချုပ်အားဖြင့် ဆိုရရင်တော့ အီတလီ ကလပ်တွေ ဥရောပမှာ ပြန်လည် အောင်မြင်ချင်တယ် ဆိုရင်တော့ ငွေကြေးအရ စနစ်တကျ ဖြစ်စေဖို့၊ လူငယ်ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ဘောလုံးရဲ့ ရိုးရာ အနှစ်သာရကို ပြန်လည် ဖော်ထုတ်ဖို့ လိုအပ်နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်