ဘရာဇီးလ် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ အတွက် ဆိုရင်တော့ နည်းဗျူဟာပိုင်းထက် ကစားသမားတွေရဲ့ ခံယူချက်က ပိုပြီး အရေးကြီးတယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။ အီတလီလူမျိုး နည်းပြကြီးဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် မေလက စပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုင်တွယ်နေသူ ဖြစ်ပါတယ်။
ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ စုစုပေါင်း ၄ ပွဲ ကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘိုလစ်ဗီးယားကို ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၅ နေရာ ကနေ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ဒီကနေ့မှာ တောင်ကိုရီးယား၊ အင်္ဂါနေ့ မှာတော့ ဂျပန်နဲ့ ခြေစမ်းပွဲတွေ ကစားသွားမှာပါ။
အန်ဆယ်လော့တီဟာ လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ဘရာဇီးလ်ကို အကောင်းဆုံး စနစ် တစ်ခုနဲ့ ရှေ့ဆက်နိုင်စေဖို့ သူ့ရဲ့ ပထမဦးဆုံး ပွဲစဉ် ၄ ပွဲမှာ မတူညီတဲ့ နည်းစနစ်တွေကို အသုံးပြုထားပြီး အပြောင်းအလဲ များစွာလည်း ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိဖို့ ဆိုရင် နည်းစနစ် ဗျူဟာပိုင်းထက် ကစားသမားတွေရဲ့ ခံယူချက်က ပိုပြီး အရေးကြီးတယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက “ပွဲရဲ့ ဗျူဟာပိုင်းကို မွမ်းမံဖို့ အတွက် နည်းစနစ်ပိုင်းမှာ အလုပ်တွေ ပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေအားလုံးက အရမ်းပဲ အရေးကြီးပေမယ့် အရေးကြီးဆုံး အပိုင်း ကတော့ ဗျူဟာ မဟုတ်ပါဘူး၊ ဒါက ကွင်းထဲက ကစားသမားတွေရဲ့ စိတ်နေ သဘောထားပါပဲ။ အဲဒီ အတွက် ကတော့ ပြင်ဆင်ဖို့ အချိန် အများကြီးမယူရပါဘူး။”
“ဇွန်လနဲ့ စက်တင်ဘာလလတွေမှာ အသင်းရဲ့ ခံစစ် ကစားပုံကို ကျွန်တော် အရမ်းပဲ သဘောကျပါတယ်။ အသင်းက အရမ်း ကျစ်လစ်တယ်။ စည်းလုံးတယ်။ စိတ်ဓာတ် ခိုင်မာတယ်။ ခံစစ်ပိုင်း ကိုတော့ အကြိုက်ဆုံးပါပဲ။ အသင်း တိုးတက်ဖို့ လိုအပ်နေတာက ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားဖို့ပါ။ အသင်းက သူ့တို့ရဲ့ တစ်ဦးချင်း အရည်အသွေးကို ပြသရမှာ ဖြစ်ပြီး ကျွန်တော် တို့မှာ ဒီလို ကစားသမားတွေ အများကြီး ရှိနေပါတယ်။ တိုက်စစ်မှာ ၄ ယောက်၊ ၃ ယောက်၊ ၅ ယောက်နဲ့ ကစားနိုင်ပေမယ့် အရေးကြီးတာက ကွင်းထဲမှာ ပြသရမယ့် အရည်အသွေးပါ။ ကျွန်တော် တကယ် သဘောကျတာက အသင်းရဲ့ အငွေ့အသက်ပါပဲ။ ကစားသမားတွေရဲ့ သဘောထားနဲ့ ကျွမ်းကျင်မှုတွေက အရမ်းပဲ ကောင်းမွန်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ဘရာဇီးလ်က ခရိုအေးရှားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ လာမယ့်နှစ် ဇူလိုင်လမှာ သူတို့ အတွက် စံချိန်တင် အောင်မြင်မှု အဖြစ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူသွားဖို့ အားခဲထားတာပါ။ ဒါပေမယ့်လည်း ဘရာဇီးလ် ကတော့ ၂၀၀၂ ကမ္ဘာ့ဖလား မှာ နောက်ဆုံး အကြိမ် ဗိုလ်စွဲထားပြီး အဲဒီနောက်ပိုင်း အမြင့်ဆုံး အနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတုတ္ထ တစ်ကြိမ် ရခဲ့တာက လွဲရင် ကျန်ပြိုင်ပွဲ ၄ ကြိမ်မှာ ကွာတားဖိုင်နယ် အဆင့် ကနေ ထွက်ခွာထားခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.