နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ သမိုင်းဝင် စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အင်္ဂလန်

အင်္ဂလန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အဲလ်ဘေးနီးယားကို အဝေးကွင်းမှာ ၂-၀ နဲ့အနိုင်ယူပြီး သမိုင်းဝင် စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ စောစောစီးစီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အင်္ဂလန်က ပွဲစဉ် ၈ ပွဲစလုံးကို အနိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်က မနေ့ညက ပွဲမှာ အဲလ်ဘေးနီးယားကို အဘက်ဘက်က ခြေစွမ်း အသာနဲ့ ကစားနိုင်ခဲ့ပြီးတော့ အနိုင်ဂိုး ၂ ဂိုးစလုံး ကိုတော့ ဟယ်ရီကိန်း ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ အနိုင်ဂိုး ၂ ဂိုးစလုံး ကတော့ မိနစ် ၇၀ ကျော်မှ ရရှိခဲ့တာ ဖြစ်ပြီး အဖွင့်ဂိုးကို ၇၄ မိနစ်မှာ ဟယ်ရီကိန်းက ပိတ်သွင်းခဲ့ပြီး ပွဲပြီးခါနီး ၈၂ မိနစ်မှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘော ကနေ ဟယ်ရီကိန်းကပဲ ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အဲလ်ဘေးနီးယားနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ ၆ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး သူ့ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမား ဘဝ တလျှောက် အယ်လ်ဘေးနီးယား ဘက်ကို ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဟယ်ရီကိန်းရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက်က ၇၈ ဂိုး အထိ ရှိလာပြီ ဖြစ်တာကြောင့် ဘရာဇီးလ် ဂန္ထဝင် ပီလီရဲ့ သွင်းဂိုး အရေအတွက်ကို ၁ ဂိုး အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

၁၉၅၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက ယူဂိုဆလားဗီးယား အသင်းဟာ ပေးဂို မရှိ၊ ရာနှုန်းပြည့် အနိုင် မှတ်တမ်းနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် အဲဒီအချိန်က ၄ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဝေးကွာနေတဲ့ အင်္ဂလန်

ဒါ့အပြင် အင်္ဂလန် ကလည်း ပြိုင်ပွဲစုံ၊ အဝေးကွင်း နောက်ဆုံး ၇ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး ဒါက ၁၉၆၅ ဒီဇင်ဘာလ ကနေ ၁၉၆၇ အောက်တိုဘာလ အတွင်း ၉ ပွဲဆက် အနိုင်ရပြီး နောက်ပိုင်း အဝေးကွင်းမှာ အကောင်းဆုံး နိုင်ပွဲဆက်မှု မှတ်တမ်းလည်း ဖြစ်ပါတယ်။ အင်္ဂလန်ဟာ အဲလ်ဘေးနီးယားနဲ့ ၈ ပွဲ တွေ့ဆုံရာမှာ ပွဲတိုင်း အနိုင်ရခဲ့ပြီး လူဇင်ဘတ်ကို ၉ ပွဲ အနိုင်ယူခဲ့တာ ပြီးရင် အဲလ်ဘေးနီးယားကို ဒုတိယမြောက် နိုင်ပွဲ အများဆုံး ရယူနိင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းကောင်း တစ်ခု ကတော့ အင်္ဂလန် အသင်း အနေနဲ့ ခြေစမ်းပွဲ မပါပဲ အဓိက ပွဲစဉ် နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး ဒါကလည်း အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် ဟာ အဓိက ပြိုင်ပွဲတွေမှာ ၁၀ ပွဲ ဆက်တိုက် ပေးဂိုး မရှိနိုင်ပွဲ ရယူနိုင်ခဲ့ပြီး ဥရောပ ဘောလုံးလောကမှာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အတွင်း စံချိန်တင်ခဲ့တဲ့ စပိန်ရဲ့ Clean Sheets ပွဲဆက် အများဆုံး စံချိန်နဲ့ တူညီသွားပြီလည်း ဖြစ်ပါတယ်။

ဥရောပ လက်ရွေးစင် အသင်းတွေထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၈ ပွဲ ကစားပြီး လုံးဝ ပေးဂိုး မရှိပဲ ရာနှုန်းပြည့် အနိုင်နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဆိုလို အင်္ဂလန် တစ်သင်းသာ ရှိပါတယ်။ ၁၉၅၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက ယူဂိုဆလားဗီးယား အသင်းဟာ ပေးဂို မရှိ၊ ရာနှုန်းပြည့် အနိုင် မှတ်တမ်းနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် အဲဒီအချိန်က ၄ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ သောမတ်စ် တူချယ် လက်ထက်မှာ ပုံစံကောင်း ပြသနေတဲ့ အင်္ဂလန် အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျရင် သောမတ်စ် တူချယ်ရဲ့ ဦးဆောင်မှုနဲ့ အတူ နှစ်ပေါင်း ၆၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူသွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်