အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ သူတို့ အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ ဝေးကွာနေတဲ့ အောင်မြင်မှုကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ သောမက်စ် တူချယ် ကတော့ အင်္ဂလန်က လာမယ့် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေခြင်း မရှိဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
အင်္ဂလန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီး လာမယ့် စနေနေ့မှာ ကစားမယ့် အဲလ်ဘေးနီးယားနဲ့ ဆားဘီးယား ပွဲရလဒ် အပေါ် မူတည်နေပါတယ်။ အင်္ဂလန် ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ လတ်ဗီးယားကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး သူတို့ အနေနဲ့ အဲဒီ ပွဲမှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင်း ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
လက်ရှိ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အင်္ဂလန်က လက်ရှိ နိုင်ငံတကာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆုဖလားကို ကိုင်မြှောက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လက ဆားဘီးယားကို ၅-၀ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပြီးနောက် အင်္ဂလန် အပေါ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ မျှော်လင့်ချက်တွေ ပိုတိုးလာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း သောမက်စ် တူချယ် ကတော့ အင်္ဂလန်ကို အဲဒီလို အခြေအနေမျိုးနဲ့ ရှုမြင်သင့်တယ်လို့ မထင်ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် တို့က ဒီပြိုင်ပွဲကို underdogs တွေ အဖြစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဆယ်စုနှစ်တွေ ကြာအောင် မဆွတ်ခူးနိုင်ခဲ့တဲ့ အတွက် ကမ္ဘာ့ဖလားမှာ အောက်အသင်း အဖြစ်ပဲ သတ်မှတ်ခံရပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ အကြိမ်ကြိမ် အနိုင်ရခဲ့ဖူးတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်လို့ အသင်းကောင်း တစ်သင်း အနေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကျွန်တော် တို့မှာ အခွင့်အရေး မရှိတော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ သူတို့ရဲ့ မြေမှာ ၁၉၉၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနာက် အမြင့်ဆုံး အနေနဲ့ ၁၉၉၀ အီတလီ ကမ္ဘာ့ဖလားနဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား တို့မှာသာ ကွာတားဖိုင်နယ် အဆင့်ကို ကျော်လွန်ခဲ့ပြီး အဲဒီ နှစ်ကြိမ်စလုံး စတုတ္ထ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် အင်္ဂလန်က ၁၉၇၀၊ ၁၉၈၆၊ ၂၀၀၂၊ ၂၀၀၆ တို့မှာ ကွာတားဖိုင်နယ်၊ ၁၉၉၈၊ ၂၀၁၀ တို့မှာတော့ ၁၆ သင်း အဆင့် ရှုံးထွက်နဲ့ ၁၉၈၂ နဲ့ ၂၀၁၄ တို့မှာတော့ အုပ်စု အဆင့်တွေကို ရောက်ရှိခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၇၈ နဲ့ ၁၉၉၄ ကမ္ဘာ့ဖလားတွေ မှာတော့ အင်္ဂလန်က ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
အဲဒီနောက် တူချယ်က အင်္ဂလန် အနေနဲ့ ကမ္ဘာ့ဖလားမှာ အောင်မြင်လိုပါက အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ အနေနဲ့ တစ်ဦးချင်း တောက်ပခြင်းထက် အသင်းက စည်းလုံးမှု ရှိဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ တူချယ်က “ကျွန်တော်တို့ အားကောင်းပြီး သန်မာတဲ့ အသင်း တစ်သင်း အဖြစ်နဲ့ ကစားနိုင်မှာ မျှော်လင့်ထားသလို ဖြစ်လာနိုင်မှာပါ။ ကျွန်တော် New England Patriots အကြောင်း မှတ်တမ်း ရုပ်ရှင်ကို ကြည့်ခဲ့ပါတယ်။ အဲဒီကနေ ကိုးကားချက် တစ်ခု တွေ့ရှိခဲ့တယ်။ ‘ကျွန်ုပ်တို့ဟာ အရည်အချင်းအရှိဆုံး ကစားသမားတွေကို မစုဆောင်းပါဘူး။ ကျွန်တော် တို့က အဖွဲ့တစ်ခု တည်ဆောက်ပါတယ်’ ဆိုတာပါ။ ဒီအချက်ကို သဘောတူရုံပဲ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အခုလုပ်နေတဲ့ အရာပါ။ ကျွန်တော်တို့ တည်ဆောက်နေတဲ့ အရာကို ယုံကြည်ပါတယ်၊ ကျွန်တော်တို့ ခံစားရတာကို ယုံကြည်တယ်။ အသင်း တစ်သင်း အနေနဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတဲ့အရာတွေ အပေါ် ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.