နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါ်တာရဲ့ ပွဲဦးထွက်မှာ ဆွစ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ဆွီဒင် | ကမ္ဘာ့ဖလား

ဆွီဒင် ကတော့ ဂရေဟမ် ပေါ်တာ ပထမဦးဆုံး ကိုင်တွယ်တဲ့ ပွဲစဉ်မှာပဲ ဆွစ်ဇာလန်ကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ပွဲစဉ်မှာ ဆွီဒင်က ဆွစ်ဇာလန် ဂိုးပြတ်၊ ခြေပြတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ပေါ်တာ အတွက်လည်း အဖွင့်မလှခဲ့ဘူးလို့ပဲ ဆိုရပါမယ်။ နိုင်ပွဲ ရရှိသွားခဲ့တဲ့ ဆွီဒင် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် တိုက်ရိုက် ဝင်ခွင့်ရဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု B ရဲ့ ဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့ ဆွီဒင်ဟာ ပြီးခဲ့တဲ့လကမှ ပေါ်တာကို နည်းပြ အဖြစ် ခန့်အပ်ခဲ့တာပါ။ ဆွီဒင်ဟာ ၎င်းတို့ရဲ့ နေးရှင်းလိဂ် စွမ်းဆောင်ရည်ကြောင့် play-off တစ်နေရာ အတွက် အာမခံချက် ရရှိထားပြီး ဖြစ်ပေမယ့်လည်း ခြေစစ်ပွဲ အုပ်စုမှာတော့ ဇယား ထိပ်ပိုင်းကို ရောက်ရှိဖို့ မဖြစ်နိုင်တော့ပါဘူး။ မနေ့ညက ပွဲမှာတော့ ပေါ်တာက အားနည်းတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ရပြီး အလက်ဇန္တား အိဆက်ခ် အနေနဲ့ ပွဲချိန် ၆၂ မိနစ်မှ လူစားဝင်ခဲ့ရကာ ဗစ်တာ ယိုကီးရက်စ် ကလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

ဆွစ်ဇာလန် အတွက် ဂိုးတွေ ကိုတော့ အမ်ဘိုလို၊ ချာကာ၊ အန်ဒိုရီ၊ မန်ဇမ်ဘီ တို့က သွင်းယူပေးခဲ့ပြီး ဆွီဒင် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ နိုင်ဂရန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင်ဟာ ပထမပိုင်းမှာ ဆွစ်ဇာလန်ကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ခြေစွမ်း ကွာဟချက် ကြီးမားသွားခဲ့ပြီး ဂိုးတွေ ဆက်တိုက်ပေးရကာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မူရတ် ယာကင်ရဲ့ အသင်းဟာ အင်္ဂါနေ့မှာ ၎င်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ် အဖြစ် ကိုဆိုဗိုကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြသစ်နဲ့ အထိုင်မကျသေးတဲ့ ဆွီဒင်ကို အနိုင်ရခဲ့တဲ့ ဆွစ်ဇာလန်

မူရတ် ယာကင်ရဲ့ အသင်းဟာ အင်္ဂါနေ့မှာ ၎င်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ် အဖြစ် ကိုဆိုဗိုကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်က ၆ ဂိုး သို့မဟုတ် အဲဒီထက်ပိုတဲ့ ဂိုးနဲ့ ရှုံးနိမ့်မှသာ play-off ကစားရမှာ ဖြစ်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ အုပ်စု B ရဲ့ တခြား ပွဲစဉ်မှာ ကိုဆိုဗိုက ဆလိုဗေးနီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး သူတို့ ပြိုင်ဘက်တွေရဲ့ ခြေစစ်ပွဲ play off အဆင့်ကို တက်လှမ်းခွင့် မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဩစတြီးယားက ဆိုက်ပရပ်စ်ကို ၂-၀ နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်လာခဲ့ပေမယ့် တိုက်ရိုက် အောင်မြင်နိုင်ဖို့ ဆိုရင်တော့ နောက်ဆုံး ပွဲမှာ ဘော့ဇ်နီးယားနဲ့ အဆုံးအဖြတ် ကစားရမှာ ဖြစ်ပါတယ်။ ရိုမေးနီးယား ကတော့ အုပ်စု H ရဲ့ တတိယနေရာမှာ ရှိနေပြီး သူတို့ဟာလည်းပဲ နေးရှင်းလိဂ် စွမ်းဆောင်ရည်ကြောင့် play-off ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။လက်ရှိမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့် ဥရောပဇုန် အုပ်စု ပွဲစဉ်တွေဟာ မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်ပြီး တချို့သော အသင်းတွေ ကတော့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေ အဖြစ် ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန်၊ ခရိုအေးရှားတို့ ရှိနေပြီး တခြားသော အသင်းကြီးတွေ ဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ဩစတြီးယား၊ နယ်သာလန်၊ စပိန်၊ ဒိန်းမတ်၊ ဂျာမနီ တို့ကတော့ နောက်ဆုံးပွဲ အထိ တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ဆွစ်ဇာလန်၊ စပိန်၊ နယ်သာလန် တို့ကတော့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အခြေအနေကောင်းနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်