နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလားကို ပြိုင်ပွဲဝင် ၆၄ သင်း အထိ တိုးမြှင့် ကျင်းပဖို့ စီစဉ်နေ

ကမ္ဘာ့ဘောလုံးအဖွဲချုပ် (ဖီဖာ) ကတော့ လာမယ့် ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်း အထိ တိုးချဲ့ ကျင်းပဖို့ စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။ ဒီအဆိုပြုချက်နဲ့ ပတ်သတ်လို့ အခုတစ်ပတ် အတွင်း ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အတူ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အလက်ဂျန်ဒရို ဒိုမင်ဂွက်ဇ်၊ ဥရုဂွေးနဲ့ ပါရာဂွေး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတွေ နယူးယောက်မြို့မှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဓိက ရည်ရွယ်ချက် ကတော့ ၁၉၃၀ ခုနှစ်က ဥရုဂွေး နိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် စတင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကြီးကျယ် ခမ်းနားစွာ ကျင်းပနိုင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဒိုမင်ဂွက်ဇ်က ဒီအကြံအစည်က ကမ္ဘာကြီးက မျှော်လင့်စောင့်စားနေတဲ့ အရာ တစ်ခုကို ပြုလုပ်ဖို့ တစ်ကြိမ်တည်းသော အခွင့်အရေး ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ တိုက်က နိုင်ငံပေါင်း ၆ နိုင်ငံ (စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး) ပူးတွဲ ကျင်းပဖို့ ရှိပြီး တောင်အမေရိက နိုင်ငံတွေမှာ အဖွင့် ပွဲစဉ် ၃ ပွဲသာ ကျင်းပမှာ ဖြစ်ပါတယ်။
တောင်အမေရိက နိုင်ငံတွေမှာ အဖွင့် ပွဲစဉ် ၃ ပွဲ ကစားမယ့် ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားကို ၁၉၈၂ ခုနှစ်မှာ ၁၆ သင်း၊ ၁၉၉၈ ခုနှစ်မှာ ၂၄ သင်းနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသင်းပေါင်း ၄၈ သင်း အထိ တဖြည်းဖြည်း တိုးချဲ့လာခဲ့ပါတယ်။ အခုအချိန် မှာတော့ အသင်းပေါင်း ၆၄ သင်း အထိ တိုးချဲ့ဖို့ ရည်ရွယ်နေပြီး ဒါက ဖီဖာ အဖွဲဝင် နိုင်ငံပေါင်း ၂၁၁ နိုင်ငံရဲ့ သုံးချိုး တစ်ချိုး နီးပါး ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဥရောပ ဘောလုံးအဖွဲချုပ် (UEFA) ဥက္ကဌ အလက်ဇန်းဒါး ဆာဖာရင်နဲ့ မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONCACAF) ဥက္ကဌ ဗစ်တာ မွန်တာလီယာနီ တို့က ကန့်ကွက်ထားပါတယ်။ သူတို့က ပြိုင်ပွဲရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပြီး ခြေစစ်ပွဲတွေရဲ့ တန်ဖိုးကို လျော့ကျသွားစေနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ တိုက်က နိုင်ငံပေါင်း ၆ နိုင်ငံ (စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး) ပူးတွဲ ကျင်းပဖို့ ရှိပြီး တောင်အမေရိက နိုင်ငံတွေမှာ အဖွင့် ပွဲစဉ် ၃ ပွဲသာ ကျင်းပမှာ ဖြစ်ပါတယ်။

တောင်အမေရိက ခေါင်းဆောင်တွေက သူတိုရဲ့ ပါဝင်မှု နည်းပါးနေတာကြောင့် ဖီဖာရဲ့ အိမ်ရှင် အလှည့်ကျ စနစ်အရ အနာဂတ် ကမ္ဘာ့ဖလားတွေကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်နဲ့ အလှမ်းဝေးသွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် သူတိုရဲ့ အိမ်ရှင် နိုင်ငံ ၃ နိုင်ငံ စလုံးမှာ အုပ်စု ပွဲစဉ်တွေကို အပြည့်အဝ လက်ခံကျင်းပခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဖီဖာ ဥက္ကဌ အင်ဖန်တီနို ကတော့ ဒီဆွေးနွေးမှုကို ကြိုဆိုခဲ့ပြီး “သမိုင်းသစ် ရေးထိုးဖို အတူတကွ ပူးပေါင်း လုပ်ဆောင်ကြဖို့” တိုက်တွန်းခဲ့ပေမယ့် ဖီဖာ ဘက်ကတော့ အဆိုပြုချက် အားလုံးကို လေ့လာဖို့ တာဝန်ရှိကြောင်း၊ ဒါပေမယ့် ပြိုင်ပွဲ တိုးချဲ့ရေး အတွက်တော့ ဘာကတိကဝတ်မှ မပြုလုပ်ရသေးကြောင်း ရှင်းလင်း ပြောကြားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်